အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စခတပ်သားတွေ ကို အိန္ဒိယအစိုးရက ရဟတ်ယာဉ်ဖြင့် ကယ်ထုတ် (ရုပ်/သံ)

ရိဒ်ခေါဒါရ်မြို့တိုက်ပွဲအတွင်း အိန္ဒိယဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေ ကို အိန္ဒိယအစိုးရက ရဟတ်ယာဉ်ဖြင့် ကယ်ထုတ် (ရုပ်/သံ)

+++++++++++++++++++++

နိုဝင်ဘာ ၁၄ ရက်

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက် အိန္ဒိယနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို အိန္ဒိယအစိုးရက ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်သွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း၊ ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ရဲ့ Tio စစ်စခန်း၊ ရိဒ်စစ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေက ရိဒ်ခေါဒါရ်မြို့ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်မှာ စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူလိုက်တယ်လို့ CNA သတင်းရင်းမြစ်က သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *