မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ရင်ချင်းဆက်အမွှာမွေးဖွား
နွေဦးမောင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာလ ၁၅ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ရင်းချင်းဆက်အမွှာအား နိုဝင်ဘာလ (၁၁)ရက်နေ့က မွေးဖွားခဲ့ကြောင်း ဒေသခံများထံကသိရသည်။
“ရင်ချင်းဆက် မိန်းကလေးအမွှာပေါ့။ ပြည်သူတွေ ငွေကြေးလှူတာတွေပြုလုပ်နေတာတွေ့ရတယ်။ ကလေးတွေကိုတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲလိုက်ပြီ” ဟု မအူပင်ပြည်သူ့ဆေးရုံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရင်ချင်းဆက်အမွှာကို မွေးဖွားခဲ့သည့်မိခင်သည် ကျိုတ်လတ်မြို့ အထက်စဉ်ကူးကျေးရွာတွင် နေထိုင်သူဖြစ်ပြီး မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။