လောက်ကိုင်သတင်းကတော့အားတတ်စရာ

လောက်ကိုင်ဒေသကို ၀ိုင်းထားပြီဖြစ်လို့ အချိန်မရွေး သိမ်းပိုက်နိုင်တယ်လို့ MNDAA သတိပေး

နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ဒေသ တစ်ခုလုံးကို ဝိုင်းထားပြီ ဖြစ်လို့ အချိန်မရွေး ဝင်သိမ်းနိုင်တယ်လို့ MNDAA က ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ သတိပေး ထုတ်ပြန် လိုက်ပါတယ်။

လောက်ကိုင်မြို့အနီးက စစ်ကောင်စီစခန်း အများအပြား ဆက်တိုက် သိမ်းယူခံရနေပြီး မြို့သာ ကျန်တော့တာကြောင့် အချိန်ကျတာနဲ့ တစ်ပြိုင်နက် ထိုးသစ်ဆင် သိမ်းပိုက်မှာ ဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီ လက်အောက်ခံ ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ စစ်ရေး တုံ့ပြန်မှုတွေ ပြုလုပ်နေပေမဲ့ မကြာခင် ပြိုလဲသွားမယ်လို့ MNDAA က ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်ကလည်း စစ်ကောင်စီ ပြန်လည် နေရာယူထားတဲ့ တုန်းရှမ်းဒေသ၊ ကြွယ်ပါး နေရာရှိ တပ်စခန်းကို ပြန်လည် သိမ်းယူလိုက်တယ်လို့ MNDAA ကဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၁၉ ရက်မှာ MNDAA ထိန်းချုပ်ထားတဲ့ ချောက်ပါးကျိုင့် စခန်းဟောင်းကို တန်ပြန် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်သား ၅၀ ကျော်ကို ကြားဖြတ် တိုက်ခိုက်ရာ အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိအချိန်ထိ ရှမ်းမြောက်ဒေသ “၁၀၂၈ စစ်ဆင်ရေး” ၂၅ ရက်အတွင်း မြို့ ၅ မြို့နဲ့ စစ်ကောင်စီတပ်စခန်း ၁၆၀ နီးပါး သိမ်းပိုက် ထိန်းချုပ်ထားနိုင်ပြီလို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က အသိပေးထားပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *