အပျို စစ်စစ် များသာ ဖတ်ရန်

ခေါင်းစဉ်ကြည့်ပြီး တမျိုး မထင်ပါနဲ့နော် အအိုတွေ ဖတ်မိရင် စိတ်ဓါတ် ကျမှာ စိုးလို့ပါ ။အပျို စစ်စစ် ဆိုတာ က ခုခေတ်က ၁၆ နှစ် ၁၇နှစ် ဆိုရင် ကို ရည်းစား က ရှိနေကြတာ ။

ရည်းစားဖြစ်တာ ၁ ရက် မကြာဘူး living together က နေနေကြပြီလေ ။

တကယ်တော့ လက်မထပ်ရသေးပဲ နဲ့အတူတူနေကြတာ မိန်းခလေး တစ်ယောက်အတွက် လုံးဝတန်ဖိုး ကျသွားပါပြီ ။

အပျိုစင် ဘဝဆိုတာ ယောင်္ကျားတိုင်း ရဲ့ တန်ဖိုးထားခြင်းကို ခံထားရသူလို့တောင် တင်စားထားကြပါတယ်။

အပျိုစင်ကနေ အအို ဖြစ်ဖို့က ၅မိနစ်မကြာပါဘူး ။

ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီ ဘဝအတွက်ပြန်မရနိုင်တော့ပါဘူး

ချစ်သူရှိခဲ့ရင်လည်း ဒီအပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကိုနားလည်အောင် သူသဘောပေါက်အောင် ပြောပြ ထားပါ။

ဒါမှ သူဘက်က လက်မခံဘူး ။ စိတ်ခုသွားတယ်ဆိုရင်တော့ ရဲရဲကြီးသာ လမ်းခွဲလိုက် ပါ။

သူ တကယ် ချစ်တာမဟုတ်တာသေချာနေ ပါပြီ။သေလောက်အောင်ချစ်နေပါစေ အပျိုစင် ဘဝကိုထိန်းသိမ်း ထားပါ။

ဘဝမှာ ရည်းစားဦးနဲ့လွဲကျတာ ၁၀၀မှာ ၉၀ အထိ ရှိထားတာပါ။ ရည်းစားဦးကတည်းက အပျိုစင်ဘဝ ကို ပေးထားခဲ့လို့။

အကြောင်းတစ်ခုခုကြောင့် သူနဲ့များ လွဲသွားခဲ့ရင် နောင်တွင် ကိုယ်နဲ့တကယ်လက် တွဲရ မယ့် ယောင်္ကျားနဲ့တွေ့မှာ အကြီးကြီးနောင်တ ရပါလိမ့်မယ် ။

အဲဒီ ကျမှတော့ နောင်တရပါတယ်လို့သိသွားလည်းနောက်ကျသွားပါပြီ။

အခန့်မသင့်ရင် အိမ်ထောင်ရေး ပြသာနာတွေတောင် ဖြစ်လာနိုင်ပါတယ်။

ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ကလေးတောင် ၃ယောက် ရပြီးမှ အပျို ဘဝတုန်းက ရည်းစားဟောင်း နဲ့

အတူတူနေခဲ့တဲ့ video ဖိုင်တွေ laptop ကနေ တဆင့်ပြန့်ပြီး အိမ်ထောင်ရေး ကွဲသွားခဲ့တာ တကယ် လက်တွေ့ပါ။

အတုမယူသင့် တာတော့ အတု မယူပါနဲ့ညီမတို့။

(နောက်တစ်တစ်ခု အွန်လိုင်းမှာ status တင်ရင်လည်း စောက်ဘာဖြစ် စောက်ညာဖြစ်တယ် ။

အဲလို စောက်တွေထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့လည်း တောင်းဆိုပါတယ်။

ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့မသိပါ။

အများအမြင်မှာ အရမ်းရိုင်းတဲ့ မိန်းမဆိုတာတော့ လူတိုင်း အထင်သေးသွားတတ်ကြပါတယ်။ )

မိန်းမတစ်ယောက်ရဲ့တန်ဖိုးဆိုတာ လှတာ ချမ်းသာတာကို ပြောတာ မဟုတ်ပါဘူး ။ အပျိုစင် ဘဝကိုပြော ထားတာပါ ။

သေလောက်အောင်လှနေပါစေ လက်မထပ်သေးပဲ အအိုဖြစ်သွားရင် မိန်းမတန်ဖိုးက ကျသွားပြီ ဆိုတာ သတိရှိကြပါ ညီမငယ်တို့ ။

living together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ဘဝ မှာ ဆင်ချင်နိုင်ကြပါစေလို့

ဆုတောင်းပေးရင် ခင်မင်လျက် ….

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *