မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားပေးသင့်တဲ့အကြောင်းအရင်း

မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကို စားထားရင် အဲဒီတစ်လ လုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်။ရှောက်ရွက် ကိုကြက်သွန်ဖြူ ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက် ပါတယ်။

ဒါတင်ပဲလား? မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှ ာအဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါ ကိုလည်းကာကွယ်ပေး ပါတယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ မကြီးထွားနိုင်အောင်ကူညီပေးပါတယ်။

တစ်ပတ်ကို ၃/၄ ကြိမ်စားသုံးပေးရုံနဲ့ ကြိုတင်ကာ ကွယ်ပြီးသားဖြစ်သွားပါ လိမ့်မယ်။ရှောက်ရွက်မှာ စိတ်ဖိစီးမှုကိုလျှော့ ချနိုင်တဲ့ Astsiriအဆီဓာတ် တစ်မျိုးပါဝင်ပြီး သူ့ အနံ့က ဦးနှောက်ကို စိတ်ဖိစီးမှု လျော့ချတဲ့ ဟော်မှုန်းတစ်မျိုး ထုတ်လုပ်အောင် နှိုးဆွပေးတဲ့အတွက် စိတ်ဖိစီးမှုဒဏ်ခံနေရသူများ အထူးစားသုံးသင့်ပါတယ်။

ရှောက်ရွက်မှာ ပိုးသတ်ဆေးလိုမျိုး ပိုးမွှားတွေကိုသေစေနိုင် တဲ့အစွမ်းလည်းရှိ တဲ့အတွက် ဖျားနာနေရင် ဒါမှမဟုတ် ကိုယ်ခံအားကျ ဆင်းနေရင် ရှောက်ရွက်ကို စားသုံးသင့်ပါတယ်။ပွက်ပွက်ဆူနေတဲ့ရေထဲကို ရှောက်ရွက်ခပ်ပြီး မနက်မိုးလင် းမှာသောက်ရင် ကိုယ်ခံအား ကိုမြှင့်တင်ပေး ပါတယ်။

အဝလွန်၊အနေခက်၊ အလှပျက်ကာ အဆီပို၊ ဗိုက်ခေါက်ထူနေကြတဲ့ အမျိုးသမီးတွေ၊ ခါးသေးရင်ချီ၊ စလင်းဘော်ဒီဖြစ်ပြီး လူတကာတွေ ပြန်လှည့်ငေးရလောက်အောင်ဖြစ်ချင် ရင်တော့လွယ်ပါတယ်။

ပုလင်းလွတ် တစ်လုံးမှာ ရှောက်ရွက် (အရင့်) ၁၁ ရွက် (တချို့က ၉ ရွက်)ကိုထည့်၊ သကြားစားပွဲတင်ဇွန်း သုံးဇွန်း နဲ့ရေကျက်အေး(ရေသန့်လည်းရ) အပြည့်ဖြည့်၊လုံအောင်ပိတ်ပြီး နေပူပူမှာ ၁၁ ရက်လောက်နေလှန်းလိုက်ပါ။

ရက်ပြည့်သွားရင် မနက်တစ်ကြိမ်၊ညတစ်ကြိမ်(ပုလင်းလှုပ်ပြီး) လက်ဖက်ရည်ကြမ်း ပန်းကန်လုံး တစ်ဝက်လောက် နေ့စဉ်မှန် မှန်သောက် သွားပေးရင် တစ်လနှစ်လ အတွင်းမှာ အသားအရေစစ်သွားပြီး၊ အများငေးတဲ့ အလှပဂေး ဘော်ဒီလေးရသွားပါ လိမ့်မယ်။

ဒါ့အပြင်အသည်းအဆီဖုံးတာတွေ၊ နှလုံးအဆီပိတ် တာတွေ လည်းမဖြစ်တော့ပါဘူး။အချိန်မ ရလို့ မလုပ်ဖြစ်ခဲ့ ရင်တောင်မှ အနည်းဆုံး တို့စရာအဖြစ် စားသုံးကြပါ။ အပြုတ်တွေ၊ ဟင်းချိုတွေထဲမှာ မီးဖိုပေါ်က ချခါနီး ခပ်သောက်ကြပါ။

အသုတ်တွေထဲမှာ လှီးထည့်ပြီး စားကြပါ။ ထမင်းကြော်စားတဲ့နေ ရာမှာလည်း(အနံ့လေးမွှေးအောင်) ရှောက် ရွက်လေးကို ညှပ်ထည့်ပြီး ကြော်စားကြပါလို့ တိုက်တွန်းလိုက် ရပါတယ် ။

Credit

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *