လက်ရှိအသက်မှာ ကံကောင်းမကောင်း တွက်နည်း

လက်ရှိအသက်မှာ ကံကောင်းမကောင်းသိချင်ရအောင် ဆရာမမေဘုန်းမြတ်၏ တွက်ကြည့်တဲ့နည်းလေးမျှဝေပေးလိုက်ပါတယ်။ပထမဆုံး မိမိ၏ ကိုယ့်အသက်ကို ၇နဲ့စားပါ။စားလို့ရသည့် အကြွင်းအလိုက် သင့်၏ ကံဇာတာကို အောက်မှာဖော်ပြပေးလိုက်ပါသည်။

(၁)ကြွင်း

အိုးအိမ်အလုပ် ပြောင်းရွေ့ကြုံရတတ် ရွှေထွက်မယ် စက်ပစ္စည်းအတွက်စိတ်ညစ် ရမယ်ငွေကြေးရှုပ်ထွေးတတ် အိမ်တွင်းရေးအ နှောင့်အယှက် ရှိဘုရားပုံတော်ဝင် လျှင် ထီပေါက်တတ်သည် ။ ခရီးထွက် ရမည် ။ပညာရေးနဲ့ပတ်သတ်သောသင်တန်းတတ်ရမည်။

မိတ်ဆွေကူညီမှုရမည်။ပညာရေးအညံ့ကြီးမဟုတ်ပေမယ့်ပူပန်နေရတတ်။အချစ်ရေးရှုပ်ထွေးတတ်သည်။ စ နေအင်္ဂါသောကြာ နေ့သားသမီးအညံ့သက်သာ ကျန်နေ့သားသမီးများ အနည်းငယ်ညံ့။

(၂)ကြွင်း

နိုင် ငံခြားခရီးသွားရတတ်။စိုးရိမ်ပူပန်ရသောခရီးဖြစ်နေရတတ်။အလုပ်နဲ့ပတ်သတ်ပြီးထူးခြားကောင်း မွန်မည်။ကောင်းမွန်သောအိုးအိမ်ရတတ်။ရပ်ဝေးကသတင်းကောင်းကြားရတတ်။မိတ်ဆွေဆရာသမားများနဲ့စကားများရတတ်။ဝင်ငွေထွက်ငွေမမျှပါ။

ငွေကြေးအာမမခံနဲ့။စိတ်ရှုပ်ထွေးမှုများသောနှစ်ဖြစ်တတ်။အချစ်ရေးကံမကောင်း။ပညာရေးဒီနှစ်ညံ့နေသည်။တနင်္ဂနွေ၊ဗုဒ္ဓဟူး၊ စနေသားသမီးများအညံ့သက်သာကျန်နေ့သားသမီးများညံ့တတ်။

၃)ကြွင်း

မိတ်ဆွေဆရာသမားများကူညီမှုရတတ်။ရွှေဝင်ပြီးပြန်ထွက်တတ်။ရွှေလိမ်ခံရတတ်။လူမှုရေးရှုပ်တတ်။ဒီနှစ်ခရီးမသွားနဲ့။ မထင်မှတ်ပဲအလှုပ်ကောင်း၍ငွေဝင်မည်။လက်အောက်ငယ်သားများကြောင့်စိတ် ရှုပ်ရတတ်။ကိုစကားပြောမှားမှုကြောင့်ပြသာနာဖြစ်ရတတ်။

အချစ်ရေး စန်းပွင့်ပြီးကံကောင်း အိမ်တွင်းရေးလည်းကောင်း ပညာရေးလည်းကောင်း၏။ (တနင်္ဂနွှေ တနင်္လာ၊ ကြာသာပတေး သားသမီးကံကောင်းတတ်။ကျန်နေ့သားများညံ့တတ်။)

(၄)ကြွင်း

လုပ်ငန်းများကိုဦးဆောင်နေရ သောလည်း ပူပင်သောကဖြစ်နေရတတ်။လူမျိုးခြားသတိထား။ဆရာသမားညိုညင် ခံရတတ်။အထက်လူကြီးများပတ်သတ်ပြီးငွေဝင်တတ်။ငွေကြေးကံကောင်း။နိုင်ငံခြားခရီးစဉ်ပျက်တတ်။အိုးအိမ်ပူပန်ရတတ်။စက်ပစ္စည်းလက်ဆောင် ရတတ်။

ဘာသာရေးခရီးသွားရတတ်။ချစ်သူအပေါ်မာနထားတာလျှော့လိုက်ပါကအချစ်ရေးအဆင်ပြေမယ်။ အပြိုင် အဆိုင် များပေါ်ပေါက်တတ်။ပညာရေးနည်းနည်းညံ့။(အင်္ဂါ သောကြာ တနင်္လာ သားသမီး အညံ့သက်သာ ။ကျန်နေ့သားသမီးညံ့တတ်)

(၅)ကြွင်း

ရွှေဝင်မည်။ဘုရားပုံတော်ဝင်လျှင်စီးပွားတတ်မည်။လက်အောက်ငယ်သားများထံမှလက်ဆောင် ရတတ်။ငွေဝင်မည် မပူပန်ပါနဲ့။ဆက်တူလုပ်ငန်း လုပ်မည်ဆိုပါကကောင်းတတ်။အလှူမင်္ဂလာလုပ် ရတတ်။အိမ်မှာမကပ်ချင်လောက်အောင်အိမ်တွင်းရေးအဆင်မပြေ။အလုပ်အတွက်လည်းစိတ်ညစ် ရတတ်။

ဒီနှစ်ခရီးမသွားသင့်။ချစ်သူကစိတ်ညစ်အောင်လုပ်ပေမယ့်အချစ်ရေးကောင်းပါတယ်။ပညာရေးညံ့နေတတ်။မိတ်ဆွေများကလည်းခပ်ခွာခွာနေတတ်။(အင်္ဂါ ဗုဒ္ဓဟူး စနေအညံ့သက်သာ။ကျန်နေ့သားသမီးညံ့တတ်)

(၆) ကြွင်း

မိဘ ဆရာများဆီကကူညီမှုရ။လုပ်ငန်းတိုးတက်မှုနှောင့်နှေးနေတတ်။စကားအပြောအဆိုဆင်ခြင်ရမည့်နှစ်ဖြစ်သည်။အိမ်တွင်းရေးရှုပ်ထွေးနေချိန်ဖြစ်တတ်။ငွေကြေးဆုံးရှုံးတတ်ငွေလိမ်ခံရတတ်။ဒီနှစ်ထဲမှာထင်ပေါ်အောင်မလုပ်နဲ့တောက်ပြောင်တဲ့အဝတ်အစားမဝတ်နဲ့။အချစ်ရေးလုံးဝမကောင်းပါ။ပညာရေးကောင်းသည်။( ဗုဒ္ဓဟူး ကြာသာပ တေး တနင်္ဂနွှေ အညံ့သက်သာ။ကျန်နေ့သားသမီးညံ့တတ်)

(ဝ) ကြွင်း

ဒီနှစ်မှာစကားကောင်းတွေကြားရမယ်။အစားကောင်းတွေစားရမယ်။ခရီးကောင်းတွေသွားရမယ်။ငွေကြေးကိုမပူပန်ပါနဲ့အဆင်ပြေမယ်။ဆရာသမားအထက်အရာရှိမိတ်ဆွေများကူညီမစမှုရမည်။ ပညာရေးကောင်းတတ်။ရွှေဝင်မယ် အနာစာလေးတွေပါတတ်တယ်။သားသမီးတွက်ပူပန်နေရတတ်။ အချစ်ရေးကိုစိုးရိမ်နေရ ပေမယ့် အချစ်ရေးကောင်းပါတယ် ။

ဆရာမမေဘုန်းမြတ်နက္ခတ်ဗေဒင်

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *