ပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Bobby Soxerနဲ့DJ Maxတို့ရဲ့ နှစ်ယောက်တွဲပုံရိပ်များ

ပရိသတ်တွေစိတ်ဝင်စားမှုမြင့်တက်နေတဲ့ Bobby Soxerနဲ့DJ Maxတို့ရဲ့ နှစ်ယောက်တွဲပုံရိပ်များ

ပရိသတ်ကြီးရေ…. အမိုက်စား Rap သီချင်းတွေကို သီဆိုတတ်တဲ့ အဆိုတော်မလေး Bobby Soxer ကိုတော့ အထွေအထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူးနော်။ Bobby Soxer ဟာ အဆိုတော် လွှမ်းပိုင်နဲ့ အချစ်ရေးကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပိုမိုခံခဲ့ရပြီး သူမတို့နှစ်ယောက်ကတော့ ချစ်သူသက်တမ်း (၁၃) နှစ်အကြာမှာ တရားဝင်လမ်းခွဲ လိုက်ကြပြီပဲဖြစ်ပါတယ်။

လွှမ်းပိုင်နဲ့ လမ်းခွဲပြီးတဲ့နောက် DJ Max လို့ ခေါ်တဲ့ လူငယ်လေးတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်ဆိုပြီး သတင်းတွေရော ဓာတ်ပုံတွေရော ထွက်ပေါ်လာခဲ့တဲ့ Bobby Soxer ဟာ အဆိုပါသတင်းတွေနဲ့ ပတ်သက်ပြီး ဘာကိုမှဖြေရှင်းခြင်းမရှိပါဘူး။ ဒါပေမယ့် Bobby Soxer နဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းတွေမှာ Bobby Soxer ကို DJ Max နဲ့ အမြဲတမ်းတွဲမြင်ရလေ့ရှိပြီး DJ Max ကလည်း Bobby Soxer ရဲ့ နာမည်ကို တက်တူးထိုးထားတဲ့အထိ ကို ဆက်ဆံရေးရှိတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း Bobby Soxer က ရန်ကုန်တိရစ္ဆာန်ရုံထဲမှာ လည်ပတ်ခဲ့ တဲ့ ဗီဒီယိုတွေကိုတင်လာခဲ့ပြီး အဆိုပါဗီဒီယိုမှာ DI Max ရဲ့တက်တူးထိုးထားတဲ့လက်တစ်ဖက်ပါလာခဲ့ပြီး DJ Max ရဲ့ Story မှာလည်း Bobby Soxer နဲ့ တိရစ္ဆာန်ရုံမှာ လည်ပတ်ခဲ့တဲ့ ဓာတ်ပုံလေးကို တင်လာခဲ့တာပဲဖြစ်ပါ တယ်။

Bobby Soxer ဟာ အဆိုတော်လွှမ်းပိုင်နဲ့ တရားဝင် လမ်းခွဲပြီးမှ အချစ်သစ်ရရှိသွားတယ်ဆိုရင်တောင် ဒါ ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ဖြစ်တဲ့ အတွက် ပရိသတ်တွေအနေနဲ့ နားလည်ပေးမယ်လို ့ထင် ပါတယ်နော်။ Bobby Soxer ကလည်း သူမကို အမှန တကယ်ချစ်မြတ်နိုးတယ်ဆိုရင် သူမရဲ့ သီချင်းတေါနဲ့ အနုပညာလှုပ်ရှားမှုတွေကိုသာ ကြည့်ရှုအားပေးကြဖို့ မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။

Credit;

Be the first to comment

Leave a Reply

Your email address will not be published.


*