ကြက်သွန်နီရဲ့ လူသိနည်းသေးတဲ့ အကျိုးကျေးဇူး (၅) မျိုး

အသီးအရွက်တိုင်းမှာ ကျန်းမာရေးအတွက် ကိုယ်စီအကျိုးအာနိသင်တွေ ရှိကြပါတယ်။ ကြက်သွန်နီက နှလုံး၊ အရိုးနဲ့ အူကျန်းမာရေးကို အကျိုးပြုပါတယ်။ ဒါပေမယ့် ကြက်သွန်နီရဲ့လူသိနည်းသေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရှိပါသေးတယ်။

၁။ မျိုးပွားနိုင်စွမ်းကို မြင့်တင်ပေးခြင်း

ကြက်သွန်နီမှာ အင်တီအောက်ဆီးဒင့်တွေ အများကြီး ပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က အမျိုးသားတွေ မျိုးပွားရာမှာ အထောက်အကူဖြစ်စေပါတယ်။ ကြက်သွန်နီကို ဖျော်ရည်ပုံစံ သောက်ရုံနဲ့ ထူးခြားတဲ့အာနိသင်ကို ရရှိစေမှာပါ။

၂။ နှာခေါင်းပိတ်တာကို သက်သာစေခြင်း

နှာခေါင်းပိတ်တာက အလွန်နေရထိုင်ရခက်စေပါတယ်။ ဒါပေမယ့် ကြက်သွန်နီရှိနေရင် စိတ်ပူစရာမလိတော့ပါဘူး။ ကြက်သွန်နီတစ်လုံးကို ထက်ခြမ်းခြမ်းပြီး နှာခေါင်းပေါက်အောက်မှာ ထားလိုက်ပါ။ ကြက်သွန်နီမှာ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ ကြက်သွန်နီကို ရှူပြီးနောက်မှာတော့ နှာခေါင်းပိတ်တာ သက်သာသွားစေပါတယ်။

၃။ စိတ်ဓာတ်ကျတာကို နည်းပါးစေခြင်း

လူတိုင်းမှာ စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိတတ်ပါတယ်။ ကြက်သွန်နီမှာ ဗီတာမင် B9 ပါဝင်ပါတယ်။ အဲဒီဗီတာမင်က စိတ်ဓာတ်ကျကတာကို ကာကွယ်ပေးပြီး စိတ်ဓာတ်တက်ကြွလာစေပါတယ်။ အဲဒါကြောင့် စိတ်ဓာတ်ကျတဲ့အခါမှာ ကြက်သွန်နီကို များများစားပေးပါ။

၄။ သွားပိုးစားတာကို လျော့ပါးစေခြင်း

ကြက်သွန်နီကို အစိမ်းလိုက်ဝါးစားရင် သွားပိုးစားကိုပါ သက်သာသွားစေပါတယ်။ ကြက်သွန်နီက အနံ့ပြင်းပေမယ့် သွားကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။ ကြက်သွန်နီကို အစိမ်းလိုက်ဝါးစားရင် ခံတွင်းထဲက ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပြီးသားဖြစ်စေပါတယ်။

၅။ အအေးမိတာကို ကာကွယ်ပေးခြင်း

အအေးမိ၊ တုပ်ကွေး၊ အဖျား၊ လည်ချောင်းနာတာတွေက လူကို နွမ်းလျသွားစေပါတယ်။ အဲဒီအခါ ကြက်သွန်နီကို အတုံးသေးသေးလေးတွေဖြစ်အောင် တုံးလိုက်ပါ။ တုံးထားတဲ့ ကြက်သွန်နီတွေကို ရေထည့်ထားတဲ့ပန်းကန်ထဲမှာ ၆နာရီကနေ ၈နာရီကြာအောင် စိမ်ထားလိုက်ပါ။ ၈နာရီကြာပြီးနောက် ကြက်သွန်နီစိမ်ထားတဲ့ရေကို တစ်ခါသောက်ရင် လက်ဖက်ရည်ဇွန်း ၄ဇွန်းခန့် တစ်နေ့ ၃ကြိမ်သောက်ပေးရုံပါပဲ။

Bonus

နားက ထိလွယ်ရှလွယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် နားကိုက်ဝေဒနာကို ခံစားရတတ်ပါတယ်။ အဲဒီအခါ ပြုတ်ထားတဲ့ ကြက်သွန်နီကို ပိတ်စလေးထဲ ထည့်ပြီး နားနားမှာ ကပ်ထားပေးလိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*