
မိမိတို့ရဲ့ အသက်အပိုင်းခြားကို ကြည့်ပြီး အဟောကို ဖတ်ပါလေ။ ညံ့တဲ့နှစ်တွေမှာ ချေရမယ့် ယတြာကိုပါ ဖော်ပြပေးထားပါတယ်။ကောင်းတဲ့ နှစ်တွေမှာလည်း ကောင်းသထက် ကောင်းစေဖို့ ချေရမယ့် ယတြာတွေ ဖော်ပြပေးလိုက်ပါတယ်
တနင်္ဂနွေသားသမီး ဖြစ်သောသင်သည် အသက် ၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊ ၈၉၊၉၇၊၁၀၅ နှစ် အတွင်း၌ တနင်္ဂနွေ သက်ရောက် ဖြစ်၏။သင်သည် ယခုနှစ်အတွင်း၊ အလုပ်နေရာ၊ အိမ်နေရာ၊ ပြင်ဆင်မွမ်းမံရခြင်း၊ ပြောင်းရွှေ့ရခြင်းလုပ်ရတက်၏၊
လုပ်ငန်းအသစ်ပေါ်ခြင်း(သို့) လက်ရှိ အလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်များပေါ်လာလိမ့်မည်လုပ်ငန်းနှင့်ပတ်သက်၍ နာမည်ကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတက်၏။
အိမ်ထောင်မရှိသူများ အိမ်ထောင်ကျ တက်သော ကာလဖြစ်၏။သင့်အနေနဲ့ စီးပွားအလွန်တက်နေပြီ၊ ချမ်းသာနေပြီဟု ဆွေမျိုးသားချင်အပေါင်းအသင်းတို့က အထင်ကြီးနေလိမ့်မည်။
သူခိုး မျက်စိအကျခံရသောကာလဖြစ်၍ သူခိုး အခိုးခံရတက်ကြောင်းသတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီးသွားရတက်၏။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။
ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတက်၏။ အိမ်သို့အတောင်ပေါက်သော သတ္တဝါဝင်လာတက်၏။ဝင်လျှင် နမိတ်ကောင်း၏။သွပ်၊သံ၊သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတက်၏။
မိတ်ဆွေရင်း၊လုပ်ဖော်ကိုင်ဖက်တို့က ဒုက္ခပေးတက်၏။ မြေကိုအကြောင်းပြု၍စိတ်ညစ်ရတက်၏။ရွေနှင့် အဖိုးတန် ရတနာပစ္စည်းများဝင်လာတက်၏။ ဘုရားဆင်းတုတော်၊ဓာတ်တော်၊ရဟန္တာပုံတော်များ ဝင်လာတက်၏။စက်ပစ္စည်းများ အသစ်လဲရခြင်း၊ ထွက်နေသောပစ္စည်းများ ပြန်ဝင်ခြင်းများ ကြုံရတတ်၏။ လက်ဝတ်ရတနာ ကျောက်ပြုတ်ထွက်ခြင်း၊ပျောက်ခြင်းဖြစ်တက်၏။

ဤကာလသည် ငယ်ရွယ်သူများအဖို့ အချစ်ရေးတွင် လမ်းခွဲရလောက်အောင် ပြသနာဖြစ်ရတတ်သော ကာလဖြစ်ပါ၏။ အလှူအတန်းကိစ္စ၊ မင်္ဂလာကိစ္စ ရက်ရွှေ့ရတက်၏။
အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင်ကြီးစွာကြုံရတတ်၏။ မိသားစု အကြီးအကဲ၊ လုပ်ငန်းအကြီးအကဲတို့ကြောင့် စိတ်ညစ်ရတက်၏။ ငွေကြေးအထစ်အငေါ့ကြီးစွာ ဖြစ်ခြင်း ကြွေးဆုံးခြင်းတို့ ကြုံရတတ်၏။
ယတြာ
မည်သည့်ဘုရားတွင်မဆို သောကြာနေ့ နံနက်တွင် ဗုဒ္ဓဟူးဒေါင့်ကိုသွား၍ ဿသနာ အလံ(၁၀)လက်လှူ၍ လိုရာဆုတောင်းပါ။ ဘဲဥတွင် အမည်ရေး၍ ပေါက်ခွဲပါ။
တနင်္ဂနွေသားသမီးဖြစ်သောသင်သည် အသက် ၂၊၁၀၊၁၈၊၂၆၊၃၄၊၄၂၊၅၀၊၅၈၊၆၆၊၇၄၊၈၂၊ ၉၀၊၉၈၊၁၀၆ နှစ်အတွင်း၌တနင်္လာ သက်ရောက် ဖြစ်၏။
ယခုနှစ်အတွင်း သင်သည် အလှူအတန်း ကိစ္စများ မုချ လုပ်ရမည်ဖြစ်၏။ငွေအစုလိုက် အပုံလိုက် ဝင်လာမည်ဖြစ်၏။ မိမိ၏အလုပ်မှလည်းကောင်း၊ထီပေါက်၍လည်ကောင်း ဝင်လာတက်၏။ဤကာလ၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန်နှင့် တက်ကာ အိမ်ပိုင်၊ ကားပိုင်ဖြစ်သွားတက်၏။ မိမိအားပြသနာလုပ်နေသူများရှိလျှင် အဆင်ပြေသွားလိမ့်မည်။မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။
အရေးကြီးသော ကံများကို ထိန်းသိမ်းရန် အလွန်အရေးကြီးသော အချိန်အပိုင်းအခြားဖြစ်၏။ ဤအချိန်၌ မထိန်းသိမ်းနိုင်လျှင် နောင်(၃)နှစ် ကြာသောအခါ စီးပွားပျက်ခြင်း၊ အန္တရာယ်ကြုံခြင်းဖြစ်တတ်၏
အဖိုးတန် ကျောက်မျက်ရတနာဝင်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရတက်သော ကာလ ဖြစ်၏။အထက်လူကြီး မိသားစုအကြီးအကဲများကြောင့် စိတ်ညစ်ရမည်ဖြစ်၏။ လူမျိုးခြား၊ နိုင်ငံခြားနှင့်ပတ်သက်သော ကိစ္စများ
အကျိုးပေး အောင်မြင်မည်ဖြစ်၏။ ခရီးများမကြာခန ထွက်ရတတ်၏။ထိုခရီးများသည်လဲ အကျိုးပေးအောင်မြင်မည်။ ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်း၊ အခြေအနေမြင့်တက်ခြင်းကြုံရလိမ့်မည်ဖြစ်၏။
ပညာရေးကိစ္စများ၊သင်တန်းကိစ္စများကို အကြောင်းပြု၍စိတ်ညစ်ရတတ်၏။ရွှေထွက်ခြင်း ရွှေအတွက်ပြောဆိုဖြေရှင်းရခြင်း ကြုံရတတ်၏အောက်လက်ငယ်သား၊ သားသမီးထွက်သွားခြင်း ၎င်းတိုအတွက် သောကရောက်ခြင်းများကြုံရတတ်၏။ဆီးချိုရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း အစားမှားခြင်း ၊ဆေးမှားခြင်းများ ကြုံရတတ်၏။ စာရွက်စာတမ်းကိစ္စ ၊စာချုပ်ကိစ္စများအတွက် စိတ်ညစ်ရခြင်းများ ကြုံရတတ်၏။
ဆွေမျိုးသားချင်းများကိုကောင်းစွာ အကူအညီပေးနိုင်၏။ လက်ရှိအလုပ်အကိုင်ကိုစိတ်မဝင်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတက်၏။
ယတြာ
တနင်္လာ နေ့၌ တန်ခိုးကြီးဘုရားတစ်ဆူတွင် တံခွန်လုံး(၉)လုံး လှူ၍ လိုရာဆုတောင်းပါ။ အရူးကိုအာလူးကြော်ကျွေးပါ။အဂါၤ သက်ရောက် – တနင်္ဂနွေသားသမီး ဖြစ်သောသင်သည် အသက် ၃၊၁၁၊၁၉၊ ၂၇၊ ၃၅၊ ၄၃၊ ၅၁ ၊၅၉၊ ၆၇၊ ၇၅၊ ၈၃၊ ၉၁၊၉၉၊၁၀၇ နှစ် အတွင်း၌ အဂါၤ သက်ရောက် ဖြစ်၏။
သင်သည် ယခုနှစ်အတွင်း ဘုရားဆင်းတုတော်ပုံတော် ရဟန္တာ ပုံတော်များကြွလာတတ်၏။မထင်မှတ်ထားသောခရီးများ၊မရည်ရွယ်သောခရီးများ သွားရတတ်၏။လူမျိုးခြားကူညီခြင်း နိုင်ငံခြားနှင့်ပတ်သတ်သော ကိစ္စများအောင်မြင်ခြင်းများ ကြုံရမည်ဖြစ်၏။
နာမည်ဂုဏ် သတင်းတိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများကြုံရမည်ဖြစ်၏။မနာလိုသူလဲပေါလိမ့်မည်။မိမိထက် မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးတတ်သော ကာလဖြစ်၏။လုပ်ဖော်ကိုင်ဘက်များ မိတ်ရင်းဆွေရင်း များနှင့် လမ်းခွဲရတတ်သည်။စနေနံ ပစ္စည်းများ ဝင်လာလိမ့်မည်။ ရေတွင်းရေကန်ကိစ္စများ အောင်မြင်မည်ဖြစ်၏။
လုပ်ငန်းများအောင်မြင်တော့မလိုလိုနှင့် အခက်အခဲကြီးစွာကြုံရတတ်၏ကြီးကဲသူများ အထက်လူကြီးများကြောင့်စိတ်ညစ်ရတတ်၏။အလှူပွဲ မင်္ဂလာပွဲ အစီအစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ဖြစ်ရတတ်၏။ အိမ်ထောင်ရှိလျင် အိမ်ထောင်ရေးအဆင်ပြေနေမည်။
လက်ရှိအလုပ်အကိုင်ပြောင်းချင်စိတ် ဖြစ်ပေါ်နေမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်၏။အစာအိမ်ဖြစ်ခြင်း ကျန်းမာရေးညံ့၍ ခြေထောက်၊ခါး၊သွား ဒုက္ခပေးခြင်းကြုံရတတ်၏။
ဤကာလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ဖို့ လို့ပေ၏။ ဖြစ်ခဲ့လျှင်မပြီးနိုင်ပဲ ဖြစ်နေတတ်၏။ ငွေနှင့်လိုက်လျှင် ရှုံးသွားတက်ပါ၏။ ပစ္စည်းမငှါးရမ်းပါနှင်။့ ဆုံးသွားလိမ့်မည်။ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည်ဖြစ်စေ အားကိုးမရှာပါနှင့်။ဒုက္ခပေးမည့်သူများသာပေါ်လာတတ်၏။အောက်လက်ငယ်သားထွက်သွားတတ်ခြင်း၊ကျန်းမာရေးညံံ့ခြင်းကြုံရတတ်၏။ထီဘက်၌ကံကောင်းသော အချိန်ဖြစ်ပါ၏။ပညာအသစ် တစ်ခုရတတ်၏။ အိမ်ထောင်ဘက် ကျန်းမာရေးညံလိမ့်မည်။
ဆေးရုံ၊ဆေးခန်းသွားရတတ်၏။ကျောဒုက္ခပေးခြင်း၊ကျော၌ကျန်းမာရေးညံ့ခြင်းရောဂါ ရခြင်းများဖြစ်တတ်၏။ယတြာ- စနေနေ့နံနက်တွင် အိမ်ဘုရား၌ မုန်ဖက်ထုပ် ၁၂ ထုပ်လှူ၍ လိုရာ ဆုတောင်းပါ။သခွားသီးတွင် သွားကြားထိုးတံ သက်စေ့စိုက်၍ ရေမျောပါ။
တနင်္ဂနွေသားသမီးဖြစ်သော သင်သည် အသက် ၄၊၁၂၊၂၀၊၂၈၊၃၆၊၄၄၊၅၂၊၆၀၊၆၈၊၇၆၊၈၄၊ ၉၂၊၁၀၀၊၁၀၈ အတွင်း၌ ဗုဒ္ဓဟူး သက်ရောက် ဖြစ်၏။
သင်သည် ယခုနှစ်အတွင်း သင်တန်းတစ်ခုခုတက်ရခြင်း အဖွဲအစည်းတစ်ခုအတွင်း ဝင်ရောက်ရခြင်းများ ကြုံရတတ်၏။နားချိန်မရလောက်အောင်အလုပ်ရှုပ်နေလိမ့်မည်။လွန်စွာပင်ပန်းလိမ့်မည်။ကျန်းမာရေး ဂရုစိုက်သင့်သောကာလဖြစ်သည်။မည်သည့် အစားအသောက်ပဲ စားစားအရသာမရှိဘဲဖြစ်နေတတ်
ဤကာလတွင်အမွေရခြင်း(သို)အမွေကဲ့သို့သော အမွေများ ပစ္စည်းများရခြင်းကြုံရတက်၏။ ဤကာလအတွင်း လက်ခံလိုက်လျှင် အလဟသ ကုန်သွားတက်၏။ အထက်လူကြီး ကြီးကဲသူတို့က ကူညီမစ လိမ့်မည်။ဘာသာရေးနှင့် ပတ်သက်သော ပုံတော်များဝင်လာလိမ့်မည်။ပဉ္ဇင်းခံရတတ်ခြင်း၊သီလရှင်ဝတ်ရခြင်းများ ကြုံရတတ်၏။အလုပ်တွင်မပျော်ပိုက်ဘဲ ဖြစ်နေတတ်၏။ပြောင်းရန်စိတ်မကူးပါနှင့်ဦး။ပြောင်းလျှင်လဲအဆင်မပြေနိုင်ပါ။ငွေဆုံးခြင်းပျောက်ခြင်းများကြုံရတက်၏။ သူခိုးခိုးခံရတတ်၏။
အိမ်ထောင်ရေးအဆင်မပြေမှုများတန်းစီနေတတ်၏။အလှူရက်မင်္ဂလာရက် ရက်ရွှေခြင်းကြုံရတတ်၏။လူငယ် လူရွယ်များမိန်းမခိုးခြင်း ယောကျ်ား နောက်လိုက်ခြင်းများလုပ်လျှင် ဆွေပျက်မျိုးပျက်ဖြစ်ကုန်တတ်သောကာလဖြစ်ပါသည်။
နိုင်ငံရပ်ခြားနှင့် ဆက်သွယ်သောကိစ္စများ လူမျိုးခြားင့်တွဲပီးလုပ်ရသော အလုပ်များ အောင်မြင်လိမ့်မည်။သွေးအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း ၊ခြေထောက်၊ခါး၊ ကျန်းမာရေးညံ့ခြင်းများ ကြုံရတတ်၏။မကောင်းသော အတတ်များနှင့် နှောက်ယှက်ြင်းခံရတတ်၏။
ရွှေဝင်ခြင်း ထွက်နေသော ရတနာပစ္စည်းများပြန်ဝင်ခြင်းများကြုံရမည်။ရောဂါ ဖြစ်တတ်၏။စိတ်ထောင်းကိုယ်ကျေ ဖြစ်နေလိမ့်မည်။
ယတြာ
တန်ခိုးကြီးဘုရားတွင် ထီးဖြူကြီး လှူရင်း လိုရာဆုတောင်းပါ။ ကံကော်ညွန့်၊သပြေညွန့်၊ ခြေရင်းထားအိပ်၍ ရေမျောပါ။တနင်္ဂနွေသားသမီး ဖြစ်သောသင်သည် အသက် ၅၊၁၃၊၂၁၊၂၉၊၃၇၊၄၅၊၅၃၊၆၁၊၆၉၊၇၇၊၈၅၊ ၉၃၊၁၀၁ အတွင်း၌ စနေ သက်ရောက် ဖြစ်၏။သင်သည်ယခုနှစ်အတွင် အလုပ်နေရာ အိမ်နေရာအသစ်ရခြင် ၊နေရာထိုင်ခြင်း၊ မွမ်းမံရခြင်း ၊ပြောင်းရွှေရခြင်းများကြူံရတတ်၏။ ခရီးတို၊ခရီးရှည်များ သွားနေရလိမ့်မည်။ထိုခရီးများသည်လဲ သင့်အတွက်အကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခု သင်ကြားရခြင်း၊ သင်တန်းတစ်ခုတက်ရခြင်းများပြုရတတ်၏။
မရည်ရွယ်ဘဲ မြေဝင်တတ်၏။အလုပ်အကိုင်၌ ထိခိုက်တတ်၏။ ပြသနာကြီးစွာဖြေရှင်းရတတ်၏။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်၏။ မိမိနှင့်တကွ မိသားစုပါ ကျန်းမာရေးညံ့တက်၏ ။ဆေးရုံ၊ဆေးခန်းရောက်ရတတ်၏။
မီး၊လျှပ်စစ် ဒုက္ခပေးတတ်၏။အထူးသတိပြုပါ။လူမျိုးခြား ဒုက္ခပေးတတ်၏။ ရွေနှင့်ရတနာပစ္စည်းများ ထွက်ခြင်း၊ပေါင်နှံရခြင်းများ ကြုံရတတ်၏။
သားသမီးလက်အောက်ငယ်သားနှင့် ပက်သတ်ပြီး စိတ်ညစ်စရာ ကြုံရမည်။ စက်ပစ္စည်း ဒုက္ခပေးတတ်၏။ငွေဒလဟော ထွက်ခြင်း၊ငွေအတွက်ပြောဆိုဖြေရှင်းရခြင်းများ ကြုံရမည်။
မထင်မှတ်သော ဆွေမျိုးသားချင်းကအကူအညီကောင်းပေးလာလိမ့်မည်။ သစ်၊ သံ၊ သွပ် ကိစ္စများ၊ ရေတွက်ကုန်ပစ္စည်း ကိစ္စများ အောင်မြင်အကျိုးပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ဆွေမျိုးအကြီးအကဲတို့က အကူအညီကောင်းပေးလိမ့်မည်။
ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်၏။ ခြေထောက်တွင် အန ္တရာယ်ဖြစ်တတ်၏။လုပ်ငန်းအသစ်၊ အစီအစဉ်အသစ်များ ပေါ်ပေါက်တတ်၏။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်၏။လောကဓံ တရား၏ မတရားညင်းပန်း နှိပ်စက်မှုကိုခံရပီး မမျော်လင့်ပဲ သံဝေဂ တရားရလိမ့်မည်။ အစိုးရနှင့်ပတ်သက်သော အမှူဖြစ်တတ်၏။အစစ်အဆေး အမေးအမြန်းခံရတတ်၏။ သောကြာသမီးတစ်ဦး ညအိမ်လာမှ သင်၏ဒုက္ခများ လွတ်ကင်းလိမ့်မည်။
ယတြာ
စနေနေ့ညတွင် အဝတ်ဟောင်းဝတ်အိပ်၍ မနက်တွင်ရေမျှောပါ။ အုန်းကိုအချောသပ်၍ ထုံးဖြင့်”ဉုမ်”အက္ခရာရေးပြီး မီးထွန်းပါ။
ကြာသပတေး သက်ရောက် – တနင်္ဂနွေသားသမီး ဖြစ်သောသင်သည် အသက် ၆၊၁၄၊၂၂၊၃၀၊၃၈၊၄၆၊၅၄၊၆၂၊၇၀၊၇၈၊၈၆၊၉၄၊၁၀၂ အတွင်း၌ ကြာသပတေး သက်ရောက် ဖြစ်၏
ယုခုနှစ်အတွင်းသင်သည် စက်ပစ္စည်းများ စိန်ထည် ပစ္စည်းများဝင်မည်။လုပ်ငန်းသစ်လုပ်ရန်အကြံ အစည်ကောင်းများ အဆက်အသွယ်ကောင်းများ ပေါ်လာလိမ့်မည်။အလုပ်အကိုင်သစ်များ ပေါ်လာလိမ့်မည်။ ဤကာလတွင် ပစ္စည်းများကိုထုခွဲရောင်းချ၍ လုပ်ငန်းသစ်ကြီးကြီးမားမားစရန်မကောင်းပါ။
ငွေကံမကောင်းသေးပါ။လာဘ်လဲအလွန်ပိတ်နေလိမ့်မည်။ ထီးလဲမထိုးသင့်ပါ။ ထီပေါက်လျှင်မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးရွားရွား ညံသွားတတ်၏။လူမျိုးခြားက အကူအညီပေးလိမ့်မည် အောက်လက်ငယ်သားတို့က အကူအညီပေးလိမ့်မည်။
ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးနှင့် အချိန်ကုန်သွားတတ်၏။ အမှားမှားအယွင်းယွင်းဆုံးဖြတ်မိတတ်၏။ မကြာမီ ကံကောင်းဘက်သို့ရောက်တော့မည်။လောလောဆယ်သတိထား၍ သည်းခံလိုက်ပါ။ မသွားချင်သောခရီးများ စိတ်ညစ်စရာခရီးများ သွားလာရတတ်၏။အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ်အထင်လွဲတတ်သည်။သားသမီးများ ကျန်းမာရေးညံတတ်၏။ ရွှေထွက်မည် အိမ်ခန်းဆိုင်ခန်းကိစ္စများ အောင်မြင်မည်။
ကန်တော့ပွဲ နတ်အုန်းသီးတို့မှ အစို့ပေါက်လိမ့်မည်။ ခြေလက်မျက်ခြင်း ခါးနာခြင်းများ ဖြစ်တတ်၏။စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်ပေါက်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။
ဘိုးတော်တု ဆရာတုများရောက်လာတတ်၏ ။ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေတတ်သည်။ မိတ်ဆွေအပေါင်းအသင်းများနှင်မမျော်လင့်ပဲ လမ်းခွဲရတတ်၏။
သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။ ဤအချိန်အခါသည် “အဖေကိုကာပြန်ဖူးသော သီဟဗာဟု” ကဲ့သို့ဖြစ်နေလိမ့်မည်။
ယတြာ
အုန်းစိမ်း အဝလှပ်၍ အရည်စစ်ပါ။ဆားလက်သုံးဆုပ်ထည့်ပြီး ညောင်ပင်ကြီးကြီးမှ ရုက္ခစိုးတွင် လှူရင်း လိုရာဆုတောင်းပါ။
တနင်္ဂနွေသားသမီး ဖြစ်သောသင်သည် အသက် ၇၊၁၅၊၂၃၊၃၁၊၃၉၊၄၇၊၅၅၊၆၃၊၇၁၊၇၉၊၈၇၊ ၉၅၊၁၀၃ နှစ် အတွင်း၌ ရာဟု သက်ရောက် ဖြစ်၏။
သင်သည် ယခုနှစ်အတွင်း၌ အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့ရလိ့မည်။ပျော်ပွဲ ရွှင်ပွဲများသို့သွားခြင်း၊ကလေးများကိုရုပ်ရှင် ပြသခြင်းများ ပြုလုပ်ရမည်။လုပ်ငန်းသစ်များ စလုပ်ရတတ်သည်။ထိုလုပ်ငန်းများသည်လည်း လွန်စွာအကျိုးပေးအောင်မြင်မည်။ငွေအလွန်ရွှင်နေမည့် ကာလဖြစ်သည်။အလှူအတန်းပြုရခြင်း၊မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်၏။ရွှေဝင်မည် ရတနာပစ္စည်းများဝင်မည်။ဘုရားဆင်းတုတော် ပုံတော်များ ကြွလာမည်။
သင့်အတွက်အလွန်ကောင်းသော နိမိတ်ဖြစ်ပါသည်။ဤကာလအတွင်း စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ကိုယ်ကျင့်တရားပျက်သော် နှစ်ရည် ဒုက္ခတွေ့တတ်၏။
အမှုအခင်းဖြစ်နေသူကို ငွေမချေးပါနှင့်။အာမခံ မလိုက်ပါနှင့်။ သတိပြုရှောင်ကျဉ်ပါ။အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေကြီးစွာဖြစ်တတ်၏။အောက်လက်ငယ်သား ဒုက္ခပေးတတ်၏။နာရေး ကိစ္စကို အကြောင်းပြု၍ ခရီးသွားရတတ်၏။ကတိစကားများ ပျက်တတ်၏။
ဆရာသမား ကဲ့သို့သောပုဂ္ဂိုလ်များနှင့် အဆင်မပြေဖြစ်မည်။ လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲရတတ်၏။ အစားမှား၊ဆေးမှားဖြစ်ချင်း သွား ဒုက္ခပေးခြင်းများကြုံမည်။
မြေကိစ္စ အမွေကိစ္စများ ကြုံမည်။ရေတွင်း၊ရေကန်ကိစ္စ များဆောင်ရွက်လျှင်အောင်မြင်မည်။ခရီးကိစ္စများ အထစ်အငေါ့ အဆင်မပြေ ဖြစ်တတ်၏။
ယတြာ
မွေးနေ့ နံနက်တွင် တန်ခိုးကြီးဘုရားသို့သွား၍ ရောင်စုံကြက်လျှာ ၆ လက်လှူရင်း လိုရာဆုတောင်းပါ။ ဆိတ်သားဟင်းနှင့် ထမင်းကြမ်း နယ်၍ ခွေးကြွေးပါ။
တနင်္ဂနွေသားသမီး ဖြစ်သောသင်သည် အသက် ၈၊၁၆၊၂၄၊၃၂၊၄၀၊၄၈၊၅၆၊၆၄၊၇၂၊၈၀၊၈၈၊ ၉၆၊၁၀၄ နှစ် အတွင်း၌ သောကြာသက်ရောက် ဖြစ်၏။သင်သည် ယခုနှစ်ပိုင်းအတွင်း မိဘကို ကောင်းစွာ ပြုစုစောင့်ရှောက်နိုင်မည့် အချိန်ဖြစ်၏။စီးပွား သိသိသာသာ တက်မည်။သိကြား မလိုက်သကဲ့သို့ လက်ရှိအခြေအနေထက်များစွာမြင့်တက်သွားမည်။လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရမည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာခရီးများ ပြည်တွင်ပြည်ပ ခရီးများသွားရတတ်၏။
ဝန်ထမ်းဖြစ်လျှင် ရာထူး တတ်ခြင်း၊အခြေအနေ အဆင့်အတန်း မြင့်မားခြင်းများကြုံမည်။ သင်တန်းတစ်ခုတက်ရခြင်း၊ ပညာကောင်းရခြင်းများကြုံမည်။ မိတ်ဆွေကောင်း၊ ဆရာကောင်းများ တွေ့မည်။
အဖိုးတန် ပစ္စည်းများဝင်မည်။မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။ငွေရှာရလွယ်ခြင်း၊ငွေအဝင်အထွက်ကြမ်းခြင်းများကြုံလိမ့်မည်။ရပ်ဝေးမှ စာများ၊အဆက်အသွယ်များ ရမည်။ရန်များခြင်း၊စကားများဖြေရှင်ရခြင်း၊ရင်းနှီးသူအားလုပ်ဖေါ်ကိုင်ဘက်များနှင့်အဆင်မပြေ လမ်းခွဲရခြင်းများကြုံမည်။စိုးရိမ်ရလောက်အောင်မဟုတ်ပါ။
အလုပ်နှင့်ပတ်သက်၍ ကောင်းသောအပြောင်းအလဲများ နေရာကောင်းရခြင်းများ ကြုံမည်။အမှုအခင်း ရုံးပြင်ကန္တား နှင့်ပတ်သက်ရတတ်၏။ စိုးရိမ်စရာမရှိပါ။
နှလုံးနှင့်ပတ်သက်၍ ကျန်းမာရေးညံခြင်း လေနှင့်ပတ်သက်၍ ကျန်းမာရေးညံခြင်း ဒူး၊နား ဒုက္ခပေးခြင်းများ ကြုံရတတ်၏။ စပ်တူရှယ်ယာ လုပ်ငန်းများပေါ်လာလိမ့်မည် လုပ်လျှင်အောင်မြင်မည်။ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့် ကာလဖြစ်ပါ၏။ အုန်းအစို့ပေါက်တတ်၏။
ယတြာ- ကြာသပတေး နေ့ နံနက်တွင် အိမ်ဘုရား၌ စမူဆာ တစ်ပွဲဆွမ်းတော် ကပ်ရင်း လိုရာဆုတောင်းပါ။ ထန်းလျက်ခဲ ခွေးကြွေးပါ။
Credit
Leave a Reply