တနင်္လာသားသမီးများအတွက် တစ်ပါတ်စာ ကံကြမ္မာဟောစာတမ်း

တနင်္လါ သားသမီးများသည်ယခုကာလတွင် အလွန်စမ်းပွင့် စီးပွားတက်သော ကာလဖစ်သည်။ကောင်းသောကံဇာတာများ၏ အကျိုးပေးမှု ၊ မျက်နှာသာပေးမှုရ ရှိတက်သည်။မိမိအလုပ်တွင် ဖစ်စေ၊ နေအိမ်တွင်ဖစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းများ ကြားတွင်ဖစ်စေ ထင်ပေါ် ကျော်ကြားနေတက်သည်။ လူချစ်လူခင် ပေါများကာ မိတ်သစ်ဆွေသစ်များလည်း ရလာတက်သည်။

ထို့သို့ စန်းပွင့်မှုကြောင့် မိမိအားမနာလို၊ ကြည့်မရသော သူများ၏ ခြောက် တွန်း ခြင်း အထက်လူကြီးနှင့် ရန်တိုက်ပေးခြင်းများကြုံရတက်သည်။ လိမ္မာပါးနပ်စွာ ကိုယ်တိုင်ခွဲ ခြားဖို့ လိုအပ်လိမ့်မည်။ လူပျို၊ အပျိုများ ချစ်သူရည်းစားရတက်သည်။

ချစ်သူ ရှိသောသူများသည် မိမိချစ်သူ က အချစ်ပို သဝန်တိုတက်သော ကာလဖစ်သည်။ ပျော်စရာသဝန်တိုမှုလေးတွေဖြင့် ပျော်ရွှင်ရမည့် ကာလဖစ်သည်။အလုပ်အကိုင်ကောင်းများ ကမ်းလှမ်းခံရတက်၊ ဝင်ငွေ ကောင်းရတက်ကာ စုမိဆောင်းမိဖစ်လာတက်သည်။

ကျန်းမာရေး ညံ့ ကာ အနာနဲ့ဆေးလွဲနေသောသူများ ဆရာသမားကောင်းနှင်တွေ့ကာ အနာနှင့်ဆေး ထပ်တူကျကာ ပျောက်ကင်းသက်သာလာလိမ့်မည်။ ဝေးကွာနေသောသူငယ်ချင်းများ၊ ဆွေမျိုးမိဘများနှင့် ပြန်လည်ဆုံတွေ ရတက်သည်။

အမွေကိစ္စ၊ တရားရူံးမှုခင်းကိစ္စများနှင့်ပတ်သတ်ပြီး ဝင်ရောက်စဉ်းစားဆုံးဖြတ်ရတက်သည်။ တုံးဖြတ်ချက်ပြတ်သားစွာ မှန်မှန်ကန်ကန် ချတက်ဖို့ လိုလိမ့်မည်။အလုပ်တာဝန်များ များလာကာ အလုပ် သုံးလေးခု လုပ်ကိုင်ရတက်သည်။ ဘုရားဖူး များ၊ ခရီးများ သွားလာရတက်သည်။ နယ်ဝေးမှု အကူအညီကောင်းများ ရလာတက်သည်။ ကိုယ်ကိုင်လုပ်ငန်း စီးပွားရေး အကျိုးပေးတက်သည်။

လူမှုရေး
လူမှုရေးတွင် မိမိ ကိုယ်ကိုယ် အံ့ သြမင်သက်လောက်အောင် မိတ်ကောင်းဆွေကောင်း အကြီးအကဲကောင်းများ နှင့်တွေ့ဆုံ ရတက်သည်။

အချစ်ရေး
အချစ်ရေးတွင် မိမိအားလာကြူသူ ၊ ချစ်ခွင့်ပန်သောသူ များ နေတက်သည်။ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ် သင့်ပေသည်။

အိပ်မက်
ခွေး၊ ကြောင်၊ ငှက်ကလေးများကို မြင်မက်ပါက ကံ အကျိုးပေး ထပ်ရလာလိမ့်မည်။

အကျိုးပေးဂဏန်း
6 7 5

ယတွာ
မိမိ အိပ်ယာဘေးနားရှိ ပစ္စည်းအကျိုးအပဲ့၊ အဝတ်အစုတ်များကို ဖယ်ရှားလွှင့်ပစ်လိုက်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*