နောင်ချို (၁၁၄) မုန့်ဟင်းခါးပွဲကြီးတဲ့

နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ခမရ ၁၁၄ ဒုတပ်ရင်းမှူး အပါအဝင် စစ်သားများ သေဆုံးမှု များပြား၊ စစ်တပ်က တိုက် လေယာဉ် များ ဖြင့် လာရောက်ပစ်ခတ်နေ

အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ခမရ ၁၁၄ ဒုတပ်ရင်းမှူး အပါအဝင် စစ်သားများ သေဆုံးမှု များပြားပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်နေကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအနီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီ တပ်ကို TNLA ၊ မန္တလေး PDF အပါအဝင်

တော်လှန်ရေးတပ်များက စုပေါင်း တိုက်ခိုက်နေကြောင်း၊ စစ်ကောင်စီ၏ နောင်ချိုမြို့နယ်အခြေစိုက် ခမရ ၁၁၄ မှ ဒုတပ်ရင်းမှူး အပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှု များပြားကြောင်း၊

ယင်း နောက် နံနက် ၇ နာရီ ၂၀ မိနစ်အချိန်တွင် စစ်တပ်က တိုက်လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ဗုံးကျဲနေကြောင်း သိရှိရသည်

“အခု နံနက် ၇ နာရီ ၂၀ မိနစ်မှာ တိုက်လေယဥ်တွေသုံးပြီး ပစ်နေတယ်။ နောင်ချို မြို့နယ်၊ ကျောက်ကြမ်းကျေးရွာ နားမှာ တိုက်ပွဲ ဖြစ်နေတာ

စစ်တပ်ဘက်က ခမရ ၁၁၄ ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျသွားတယ်။ စစ်သား တွေလည်း အသေများတယ်

အဲဒါကြောင့် တိုက်လေယာဉ်တွေနဲ့ လာပစ်နေတာ” ဟု တော်လှန်ရေး ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်

အောက်တိုဘာ ၂၈ ရက်နေ့တွင် TNLA နှင့် မန္တလေး PDF က နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာရှိ စစ်ကောင်စီ၏ နတ်စင်ကုန်းကျေးရွာ စစ်တပ်စခန်းကို တိုက် ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*