(၁၀၂၇) ၃ ရက်အတွင်း စခန်းပေါင်း ၅၇ ခုကိုသိမ်ပိုက်နိုင်ပြီလို့သိ

၁၀၂၇ စစ်ဆင်ရေး ၃ ရက်အတွင်း စခန်းပေါင်း ၅၇ ခုကိုသိမ်ပိုက်နိုင်ပြီလို့သိရ

October 29,2023/Kachin News Group

ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး တတိယနေ့ ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့အထိ စစ်ကောင်စီ ရဲ့ တပ်စခန်းနဲ့ ဂိတ်စခန်းပေါင်း ၅၇ ခုကို ထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ရှမ်းမြောက် စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ The Kokang က သတင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ ၁၀၂၇ စစ်ဆင်ရေးအဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့အပါအဝင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA နဲ့ တစ်ခြားသောမဟာမိတ် ကာကွယ်ရေးတပ်တွေက ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တာ ၃ ရက်မြောက်ရှိလာပြီဖြစ်ပြီး သုံးရက်အတွင်းစခန်းပေါင်း ၅၇ ခုသိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့ တစ်ရက်တည်းမှာတော့ ရှမ်းမြောက် ကိုးကန့်၊ မုံးကိုး၊ လားရှိုး၊ မူပန် နဲ့ နမ့်ဆလပ်ဒေသတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၁ ခုကို ထပ်ပြီးသိမ်းပိုက်လိုက်နိုင်ပြီလို့ ဖော်ပြထားပါ တယ်။

Operation 1027-3BHA ကတော့ တအာင်း တပ်မဟာ ၂ စစ်ဒေသမှာရှိတဲ့ နောင်ချိုမြို့နယ် ကျောက်ကြမ်း ရွာက စစ်ကောင်စီစခန်း၊ မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းရွာမှာလည်း တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မတော် TNLA နဲ့ မန္တလေး PDF တွေပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Operation 1027-3BHA ရဲ့ ဒီကနေ့ “၁၀၂၇ စစ်ဆင်ရေး” ၃ ရက်မြောက်မှာ သိန္နီမှာရှိတဲ့ နမ့်စလပ် ရဲစခန်း၊ မာချီနော့ တပ်စခန်း ၊ ချင်းရွှေဟော်ဒေသ ယာခုတ်ကိုက်တပ် စခန်း၊ လားရှိုးမြို့ အရှေ့ဘက်က စစ်ကောင်စီ တပ်စခန်းတစ်ခု၊ မုံးကိုးခရိုင် နမ်ယမ် စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမှာ လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်း ရမိထားကြောင်း ဓာတ်ပုံတွေနဲ့ သတင်းထုတ် ပြန်တာရှိသလို စစ်သုံ့ပန်းတွေလည်းဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ချင်းရွှေဟော်ဒေသမှာတော့ စစ်ကောင်စီတပ်ဘက်ကလေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက် မှုတွေဆက်တိုက်ပြုလုပ်နေတဲ့အတွက် အရပ်သား နေအိမ်ထိခိုက်ပျက်ဆီးတာတွေရှိနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ -BPLA+မဟာမိတ်တပ်ဖွဲ့ နဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲဖြစ်ပွားရာမှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်း၊ ရုပ်အ​လောင်း နဲ့ စစ်သုံ့ပန်းများ။( Crd- The Kokang, BPLA)

Be the first to comment

Leave a Reply

Your email address will not be published.


*