ဆေးတပ်အရာရှိတွေလည်းကုန်ပါပီ ဘဘရယ်

“ရှေ့တန်းတွင် စစ်ကောင်စီ ဆေးတပ်ဖွဲ့မှ အရာရှိများ သေဆုံးသူနှင့် အဖမ်းခံရသူ ပိုမိုများပြားလာ”

ပြည်သူနဲ့ စစ်ခင်းနေတဲ့ အကြမ်းဖက် စစ်တပ်အတွင်း ရှေ့တန်း စစ်မြေပြင်မှာ သေဆုံး ဒဏ်ရာရသူများ၊ တော်လှန်ရေးတပ်တွေရဲ့ ဖမ်းဆီးခံရသူများထဲတွင် တိုက်ခိုက်ရေးတပ်မှ အရာရှိ စစ်သည်များသာမက အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ စစ်ဆေးရုံများ၊ စစ်မြေပြင် ဆေးတပ်ရင်းများမှ စစ်ဆရာဝန်နှင့် စစ်သူနာပြုများပါ ပါရှိလာကြောင်း သိရှိရပါတယ်။

အောက်တိုဘာ လကုန်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ဖမ်းဆီးရမိသူ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စာရင်းတွင်-

ကလေးအထူးကု စစ်ဆရာဝန် ဗိုလ်ကြီးအောင်ဇင်ဦး (ကြည်း ၆၀၃၀၈) နှင့် စစ်သူနာပြု ဗိုလ်

အောင်ဆန်းကျော် (အင်န် ၂၈၇၂) တို့ ပါဝင်ခဲ့ပြီး ၎င်းတို့ နှစ်ယောက်ကို ရှေ့တန်း စစ်မြေပြင်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း အင်အားပြုန်းတီးလာတဲ့ အကြမ်းဖက် စစ်ကောင်စီဟာ လမ်းဂိတ် လုံခြုံရေးနဲ့ စစ်မြေပြင်ဆေးတပ် တာဝန်များကို ရိုးရိုး စစ်ဆရာဝန်များသာမက အထူးကု စစ်ဆရာဝန်များကိုပါ အသုံးပြုနေရကြောင်း တပ်တွင်းရင်းမြစ်ကလည်း အတည်ပြုထားပါတယ်။

#4C_TruthNews

Be the first to comment

Leave a Reply

Your email address will not be published.


*