ကြူကုတ်ပန်ဆိုင်းမြို့ကို MNDAAက တိုက်ခိုက်သိမ်းပိုက် (ရုပ်သံ)
နိုဝင်ဘာ ၂ ရက်
ရှမ်းမြောက်၊ နယ်စပ်ဒေသမှာရှိတဲ့ ကြူကုတ်ပန်းဆိုင်းမြို့ကို 1027 စစ်ဆင်ရေးအဖြစ်နဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ယမန်နေ့က တရုတ်နယ်စပ်က စီးပွားရေးမြို့တော်ဖြစ်တဲ့ ကြူကုတ် ပန်းဆိုင်းမြို့ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး
စစ်အုပ်စုပိုင်ပစ္စည်းတွေကိုလည်း သိမ်းယူရရှိထားတယ်လို့ ဆိုပါတယ်။
MNDAAနဲ့ပူးပေါင်းတပ်ဖွဲ့တွေက နယ်စပ်စီးပွားရေးမြို့တော် ကြူကုတ်ပန်ဆိုင်းကိုသိမ်းပိုက်နိုင်ခဲ့တဲ့အတွက်
တရုတ် ပြည်ဘက်ကမ်းက ဝမ်တိန်မြို့ကပြည်သူတွေက ဝမ်းမြောက်ဝမ်းသာ ဗျောက်အိုး၊ မီးရှူးမီးပန်းတွေဖောက်ပြီး အောင်ပွဲခံနေကြတယ်လို့ဆိုပါတယ်
ၾကဴကုတ္ပန္ဆိုင္းၿမိဳ႕ကို MNDAAက တိုက္ခိုက္သိမ္းပိုက္ (႐ုပ္သံ)
နိုဝင္ဘာ ၂ ရက္
ရွမ္းေျမာက္၊ နယ္စပ္ေဒသမွာရွိတဲ့ ၾကဴကုတ္ပန္းဆိုင္းၿမိဳ႕ကို 1027 စစ္ဆင္ေရးအျဖစ္နဲ႔ တိုက္ခိုက္သိမ္းပိုက္နိုင္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။
ယမန္ေန႔က တ႐ုတ္နယ္စပ္က စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ၾကဴကုတ္ ပန္းဆိုင္းၿမိဳ႕ကို မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕ေတြက တိုက္ခိုက္သိမ္းပိုက္ခဲ့တာျဖစ္ၿပီး
စစ္အုပ္စုပိုင္ပစၥည္းေတြကိုလည္း သိမ္းယူရရွိထားတယ္လို႔ ဆိုပါတယ္။
MNDAAနဲ႔ပူးေပါင္းတပ္ဖြဲ႕ေတြက နယ္စပ္စီးပြားေရးၿမိဳ႕ေတာ္ ၾကဴကုတ္ပန္ဆိုင္းကိုသိမ္းပိုက္နိုင္ခဲ့တဲ့အတြက္
တ႐ုတ္ ျပည္ဘက္ကမ္းက ဝမ္တိန္ၿမိဳ႕ကျပည္သူေတြက ဝမ္းေျမာက္ဝမ္းသာ ေဗ်ာက္အိုး၊ မီးရႉးမီးပန္းေတြေဖာက္ၿပီး ေအာင္ပြဲခံေနၾကတယ္လို႔ဆိုပါတယ္