ဂန့်ဂေါမြို့နယ် မင်းရွာ မုန့်ဟင်းခါးပွဲ ၂၀

ဂန့်ဂေါမြို့နယ် မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး စခန်းရှိ ရဲနှင့်စစ်သားများအားလုံး သေဆုံး၊ လက်နက်များရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီး စခန်းရှိ ရဲနှင့် စစ်သားများအားလုံးသေဆုံးကြောင်း ABSDF နှင့် တော်လှန်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက်အစောပိုင်းတွင် ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ABSDF အပါအဝင် တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

“ဂန့်ဂေါ မင်းရွာရဲကင်းစခန်းကို သိမ်းပိုက်လိုက်တယ်။ ရဲစခန်းမှာ ရှိတဲ့ စစ်သားနဲ့ ရဲတွေ အကုန်သေပါတယ်။ သေဆုံးတာက စစ်သားနဲ့ရဲ ၂၀ ဦး ပတ်ချာလောက်တော့ရှိမယ်။ လက်နက်တွေလည်းရတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် လက်နက်များကို သယ်ထုတ်နေပြီး မင်းရွာ ရဲကင်းစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများ ကို မီးရှို့ ရှင်းလင်းမည်ဖြစ်ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*