သတင်းကမှာနေတုန်းလား နေရာအနှံ့သမနေတာ

ဆင်ပေါင်ဝဲမြို့နယ်ရှိ အမှတ် ၈ ကပစ စက်ရုံကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ ကော့ကရိတ်၊ ခမရ ၉၇ တပ်ရင်း အနီးရှိ ကာကင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၄

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ အမှတ် ၈ ကပစ စက်ရုံကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ကုန်ကြမ်းပစ္စည်းများ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသေ ဆင်ပေါင်ဝဲမြို့နယ်ရှိ အမှတ်(၈) ကာကွယ်ရေးပစ္စည်း စက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စက်ရုံဝန်းအတွင်းရှိ အဆောက်အဦးများ ထိမှန်ပျက်စီးခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မဟာမိတ်ညီနောင်များ ဖြစ်သော မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ YDF – PMR ယောကာကွယ်ရေးတပ်ဖွဲ့၊ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု PRA – Magway၊ အရှိုချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ACDF၊ Key Of Revolution ပျောက်ကြားတပ်ဖွဲ့တို့ ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိသည်။

ညီနောင်မဟာမိတ်များအနေဖြင့် မြန်မာပြည်မြောက်ပိုင်းရှိ ၁၀၂က စစ်ဆင်ရေးနှင့် နိုင်ငံတဝှမ်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စစ်ရေးအရှိန်မြှင့်တိုက်ခိုက်လျက်ရှိသော တော်လှန်ရေးအဖွဲ့ အစည်းများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခမရ ၉၇ တပ်ရင်း အနီးရှိ ကာကင်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တွင် ခမရ ၉၇ တပ်ရင်းဝန်းကျင် လက်နက်ကြီး ကုန်းတည်ရှိရာနှင့် အနီးတဝိုက်ရှိ ကာကင်းများကို တော်လှန်ရေး တပ်ဖွဲ့များက မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ၆ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့​ပြီး စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကျားဖြူ တပ်ခွဲ(၅) – justice Solider PDF နှင့် အတူ Kloud ၊ Angry Bird Drone Ranger ၊ Power Of Ababil (POA) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*