ဥပဒကိုလိုက်လေးစားတယ်ဆိုတာ ဒါကိုပြောတာ ဘပုတို့နဲ့ကွာပါ့

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းကို ၁၇ ဦးကို လွတ်ငြိမ်းခွင့်ပေး

Nov 6,2023/Kachin News Group

ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(မန်ဟိုင်း) စစ်တပ်စခန်းသိမ်းပိုက်ချိန် KIA ဘက်က ဖမ်းဆီးရ မိထားတဲ့ စစ်ကောင်စီတပ်သား စစ်တုံ့ပန်း ၁၇ ဦးကို လူမှုကူညီရေးအဖွဲ့ကနေတစ်ဆင့် လွှဲပြောင်းပြီး လွတ်မြောက်ခွင့်ပေးလိုက် ပြီဖြစ်ကြောင်း ဒေသခံရှေ့တန်းသတင်းရင်း မြစ်များထံမှ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာ စစ်သုံ့ပန်း စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတာဖြစ်ပြီး နိုဝင်ဘာလ ၅ ရက် မနေ့မှာတော့ နမ္မတူမြို့မှာရှိတဲ့ မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းတွေထံ လွှဲပြောင်းပေးပြီး လွတ်မြောက်ခွင့်ပေးလိုက်တာဖြစ်တယ်လို့ မိုင်းမော်ဒေသခံတစ်ဦးက ဆိုပါတယ်။

“မှန်ပါတယ်။ တိုက်ပွဲမှာ ဖမ်းဆီးရမိတဲ့သူတွေနဲ့ ထွက်ပြေးတဲ့သူတွေကို ပြန်ဖမ်းမိထားတာ အားလုံး ၁၇ ယောက်လို့ ပြောတာပဲ ကျနော်တို့ကိုယ်တိုင်တော့ သွားမကြည့်တော့ဘူး။ သူတို့ကို မနေ့က နမ္မတူဘက်ကို သွားပို့ပြီဆိုတာတော့ ဟုတ်တယ်။ အသေးစိတ်က မသိဘူး။ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတွေထံ လွဲပြောင်းပေးလိုက်တာတော့ သိရတယ်။” လို့ မိုင်းမော်(မန်ဟိုင်း) ဒေသခံတစ်ဦးက ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*