ကျန်တာတွေလည်းအမြန်ဆို့အောက်ပါစေ

မယ်စဲ့မြို့နယ် ပန်တိန်းရွာရှိ စစ်ကောင်စီစခန်းသုံးခုကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက်

▪️စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေ၊ ကရင်နီပြည်၌ ‘၁၁၀၇ စစ်ဆင်ရေး’စတင်ခြင်းဟု အသိပေး

ရဲခေါင်/People’s Spring

ကရင်နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာရှိ စစ်ကောင်စီစခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂၀ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိကြောင်း ကရင်နီတပ်ပေါင်းစုတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(နိုဝင်ဘာ ၇ ရက်)နံနက်ပိုင်းကစ၍ ပန်တိန်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသော ဆေးရုံ နှင့် ကျောင်း နေရာများကို ကရင်နီတပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။

“စခန်းကုန်းကြီးတော့ ကျန်သေးတယ်။ကျန်တာတွေကိုတော့ ဒီနေ့သိမ်းနိုင်တာဖြစ်တယ်။အ ခြားအသေးစိတ်ကိုတော့ သတင်းထုတ်ပြန်ပါ့မယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

ပန်တိန်းရှိ စစ်ကောင်စီ၏ အဓိကစခန်းကုန်းမှာ ယခင်က နယ်ခြားစောင့်တပ် (BGF)နေရာဖြစ်ပြီး (၁၀၀၄)တပ်စခန်းနေရာဖြစ်ကာ အင်အား ၂၀၀ခန့်ရှိနိုင်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

“တပ်မ(၅၅)က လေကြောင်းကနေ တပ်ရင်းသုံးခုစာလောက် ပို့ထားတာရှိတယ်။ဗျူဟာကုန်းပုံစံပေါ့။ ပတ်ပတ်လည် မိုင်းတွေထောင်ထားတယ်”ဟု ၎င်းက ပြောသည်။

မြောက်ပိုင်း မဟာမိတ်၏ ‘၁၀၂၇ စစ်ဆင်ရေး’ဝန်းရံသည့်အနေဖြင့် ‘၁၁၀၇ စစ်ဆင်ရေး’အဖြစ် ကရင်နီပြည်၌ စတင်ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

(ကရင်နီပြည် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီ၏ ပန်တိန်း စခန်းအပါအဝင် စခန်းကုန်း သုံးခုအား တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့သည်။ ဓာတ်ပုံ – ဖက်ဒရယ်FM)

Be the first to comment

Leave a Reply

Your email address will not be published.


*