နေရာတိုင်းမှာမီးဖုတ်ခံနေရသော ငပုသားများ

တမူး – ကလေး အာရှလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းကို တမူးPDF တိုက်ခိုက်ပြီး မီးရှို့

ဆလိုင်း/People’s Spring

တမူး – ကလေးအာရှလမ်းမကြီးပေါ်ရှိ မန်မော်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို တမူးPDF တပ်ရင်း(၄)က ယမန်‌နေ့က စီးနင်းတိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်။

တမူမြို့နှင့် (၅)မိုင်ခန့်ဝေးသော မန်မော်ကျေးရွာရှိ အဆိုပါစခန်းကို နိုဝင်ဘာရ၇ရက် နေ့လယ် ၂နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဟု သတင်းရရှိသည်။

“မန်မော်စခန်းကို ဝင်တိုက်လိုက်ပြီ။ ကားနဲ့ တရစပ်ဝင်ပစ်တာ။ အကုန်ထွက်ပြေးတာ”ဟု တမူး PDF တပ်ရင်း(၄)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ တပ်စခန်းတွင် စစ်ကောင်စီတပ်သားနှင့် ပျုစောထီး၂၀ဦးခန့် တပ်စွဲထားပြီး စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးထိခိုက်မှုအခြေအနေကို မသိရသေးပေ။

သို့သော် စခန်းကိုမူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ခိုက်မှုအပြီးတွင် တမူးPDF တပ်ရင်း(၄)မှ

PDF တွေ ချီတက်လာပြီဖြစ်ကြောင်းနှင့် မိဘပြည်သူ များဘေးကင်းလုံခြုံစေရေး အစွမ်းကုန်ကြိုးပမ်းနေကြောင်း သတင်းထုတ်ပြန်သည်။

ကလေး-တမူး အာရှအဝေးပြေးလမ်းပိုင်းပေါ်ရှိ ခမ်းပါတ်မြို့ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသည့် အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၃ရက်မှ စတင်၍ ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာ ၇ရက် နံနက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ခမ်းပါတ်မြို့ကို အပြည့်အဝတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

(တမူး PDF တပ်ရင်း(၄)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – တမူး PDF)

Be the first to comment

Leave a Reply

Your email address will not be published.


*