MNDAA နှင့် AAကတော့ စခန်းစုစုပေါင်း(၁၂၅)သိမ်းပိုက်

ိုဝင်ဘာလ ၈ ရက်နေ့မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ ရှမ်းပြည်တိုက်ပွဲသတင်းများ

ညီနောင်မဟာမိတ် (၃)ဖွဲ့မှ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း(၁)ခုကိုထပ်မံသိမ်းယူခဲ့ပြီး လက်ရှိစုစုပေါင်းစခန်း(၁၂၅)ခုသိမ်းယူရရှိခဲ့

ကိုးကန့်မီဒီယာ

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့

နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)သည် ကိုးကန့် ခရိုင်၊ တုန်းရှမ်းဒေသတွင် တိုက်ပွဲများဆက်လက်ဆင်နွှဲခဲ့ပါသည်။ (၇) ရက်နေ့တွင် ပန်းဝါစခန်းကိုသိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ နံနက် (၅း၂၅)နာရီတွင် ကိုးကန့်(MNDAA) ပန်းဝါနေရာ၏တောင်ဘက်ခြမ်းရှိ မာလီလင်စခန်းကို စတင်ထိုးစစ်တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲ (၃) နာရီအကြာဖြစ်ပွားခဲ့ပြီး နံနက်(၈း၁၀)နာရီအချိန်တွင်၎င်းစခန်းကို အောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါသည်။

အခြားစစ်ကြောင်းများ

အခြားနေရာများတွင်လည်း (MNDAA) နှင့် မဟာမိတ်ညီနောင်တပ်ဖွဲ့တို့သည် စစ်ကောင်စီအပေါ်ထိုးစစ် တိုက်ခိုက်မှုများကို ဆက်လက်ဆင်နွှဲနေပါသည်။

လက်ရှိအချိန်ထိ MNDAA နှင့် AA အနေဖြင့် စစ်ကောင်စီ၏ တပ်စခန်းအကြီးအသေး စုစုပေါင်း(၁၂၅)ခုကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သည်ဟုသိရပါသည်။

ပုံ:နိုဝင်ဘာလ ၈ ရက်နေ့ မာလီလင်နေရာရှိ စစ်ကောင်စီတပ်စခန်းကိုသိမ်းပိုက်ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရ

Be the first to comment

Leave a Reply

Your email address will not be published.


*