ရေတွက်လို့ရတယ် သပြေကိုင်ထားတဲ့ခလေးတစ်ပုံစာတောင်မရှိဘူး ၅၀၀၀စားတွေ

ပြည့်သူ့ဘက်တော်သား မဟာမိတ်တပ်များအား ဆန့်ကျင်ပွဲ စစ်တပ်ထောက်ခံသူ လူနည်းစုက ပြုလုပ်

နိုဝင်ဘာလ ၁၁

တစ်နိုင်လုံးရှိပြည်သူများက မဟာမိတ်တပ်များ ၁၀၂၇ စစ်ဆင်ရေး အား သပြေပန်းနှင့် ကြိုဆိုနေသည့် (၁၁၁၁)သပိတ်ပြုလုပ်နေချိန်တွင် စစ်တပ် ထောက်ခံသူ လူနည်းစုက နေပြည်တော်တွင် မဟာ မိတ်တပ်များအား ဆန့်ကျင်ပွဲ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၁) ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တပ်ထောက်ခံသူ လူနည်းစုက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA ) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့အား ဆန့်ကျင်ရှုတ်ချခြင်းနှင့် ရှေ့တန်းရောက် စစ်ကောင်စီတပ်သားများကို အားပေးထောက်ခံပွဲဟုဆိုကာ တန်ပြန်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းပွဲကို အမျိုးသားရေးသမားများက ဦးဆောင်ကာ စစ်တပ်အသိုင်းအဝိုင်းမှ စစ်တပ်ထောက်ခံသူတချို့နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ ကြခြင်းဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*