မင်္ဂလာသတင်း ခလရ ၁၂၇သိမ်းဆည်းရမိ(ရုပ်သံ)

ကွမ်းလုံမြို့နယ် ခလရ ၁၂၇ တပ်ရင်းမှာ ဇိမ်ခံကား၊ ဆိုင်ကယ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ အပါအဝင် တပ်ရင်းတစ်ခုလုံးကို MNDAA တပ်ဖွဲ့က သိမ်းပိုက်

နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ် ခလရ ၁၂၇ တပ်ရင်းမှာ ဇိမ်ခံကား၊ ဆိုင်ကယ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ အပါအဝင် တပ်ရင်းတစ်ခုလုံးကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိသွားပါတယ်။

မြန်မာပြည်တွင်းမှာ တန်ဖိုးကြီး ဇိမ်ခံကားအဖြစ် သတ်မှတ်လို့ရတဲ့ Toyota Crown ကားတွေ၊ ဆိုင်ကယ်တွေ၊ စစ်လက်နက်ပစ္စည်းတွေ အပါအဝင် တပ်ရင်းတစ်ခုလုံးကို MNDAA တပ်ဖွဲ့က သိမ်းပိုက်ရရှိထားတဲ့ ဗီဒီယိုကိုလည်း MNDAA ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

MNDAA ရဲ့ ရှေ့တန်းသတင်းရင်းမြစ်တစ်ခုကတော့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ဘာကိုမှ မယူဆောင်နိုင်ဘဲ တပ်ရင်းတစ်ခုလုံးကို စွန့်ခွာထွက်ပြေးသွားခဲ့ပုံရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ကွမ်းလုံမြို့ အခြေစိုက် ဗျူဟာစခန်း၊ ခမရ ၃၁၂ တပ်ရင်း အပါအဝင် ကွမ်းလုံမြို့တစ်ခုလုံးကို MNDAA က အပြီး ထိန်းချုပ်သိမ်းပိုက်လိုက်ပါတယ်။ ဒါ့အပြင် အတွဲလိုက်ဒုံးပစ်ကားတွေ၊ တင့်ကားတွေ၊ စစ်သုံးယာဉ်တွေ အပါအဝင် စစ်ဘက်ဆိုင် ရာ လက်နက်ခဲယမ်းတွေကိုပါ MNDAA က သိမ်းပိုက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*