ဒီလိုသတင်းတွေများများကြားရပါစေ

ကျောက်တော်မြို့နယ်၊အပေါက်ဝရဲစခန်း မှ စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ဦး အလင်းဝင် ၊ ရသေ့တောင်တွင် နယ်ခြားစောင့် တပ်စခန်း ၂ ခုလုံးကို AA က သိမ်းပိုက်

နိုဝင်ဘာလ ၁၃ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊အပေါက်ဝရဲစခန်း မှ စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ဦး အလင်းဝင်လာကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် ကျောက်တော်မြို့နယ်၊ အပေါက်ဝ ရဲစခန်းတခုလုံး ရက္ခိုင့်တပ်တော် (AA)ထံမာ လက်နက်ချ အလင်းဝင် လာကြောင်း၊ အပေါက်ဝရဲစခန်းကို ရက္ခိုင့်တပ်တော်(AA ) ကလက်နက်ချရန် ပြောဆိုရာတွင် စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ယောက် လက်နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။

အလားတူ ရသေ့တောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း ရက္ခိုင်တပ်တော် (AA)က ဒုံးပိုက်နန့် ချိန်ခါလီ နယ်ခြားစောင့်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*