တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင်

လောက်ကိုင်တွင် ခမရ ၁၂၉ မှ တပ်ရင်းမှူး ဦးဆောင်သော တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင်

■ မိသားစု တစ်စုလျှင် ငွေကျပ် ၁၀ သိန်းနှင့် တစ်ဦးချင်းစီ ငွေကျပ် ၁ သိန်း ချီးမြှင့်၍ လုံခြုံရာပို့ဆောင်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင် ပြည်သူ့ရင်ခွင် ခိုလှုံကြောင်းမြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့၊ ည ၈) နာရီ ၃၀ မိနစ်အချိန်တွင် ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော ဒကစ (လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို ညီနောင်မဟာမိတ် (၃) ဖွဲထံသို ဆက်သွယ်ပြီး ပြည်သူ့ ရင်ခွင်အတွင်းသို ဝင်ရောက်လာခဲ့ကြကြောင်း သိရှိရသည်။

ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကြသူတစ်ဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀ သိန်း) ၊ ၎င်းတို၏ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် (၁) သိန်းကျစီ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ကျန်းမာရေးချိုယွင်း၊ ကျန်းမာရေးမကောင်းသူများကိုလည်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ထိုနောက် ၎င်းတို့သွားလိုရာနေရာများအသီးသီးသိုလည်း လုံခြုံစွာပိုပေးထားခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ခမရ ၁၂၉ မှ တပ်ဖွဲဝင် ၁၂၆ ဦးနှင့်အတူ တပ်ဖွဲဝင်များ၏ မိသားစု၊ သားသမီး၊ ညီအစ်ကိုမောင်နှမ (၁၃၄) ဦးပါဝင်ပြီး စစ်ဘက်အရပ်ဘက် စုစုပေါင်း (၂၆၂) ဦးတို၏ အသက်၊ အန္တရာယ်ကို ငဲ့ညာထောက်ထားသောအားဖြင့် တပ်ရင်း တစ်ရင်းလုံးကို ဦးဆောင်ခေါ်ယူနိုင်ခဲ့သော တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင်ကို ၏မြန်မာပြည်သူလူထုတစ်ရပ်လုံးမှလည်း ရဲရင့်သော သူရဲကောင်းတစ်ဦးအဖြစ် အမြဲတမ်း မှတ်တမ်းတင်ဂုဏ်ပြုကြမည်မှာ အမှန်ပင်ဖြစ်ကြောင်း ထုတ်ပြန်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*