ကထိန်အလှူတွေ ပဒေဿာပင်ခင်းပြီးတော့ကိုလှူတာ(ရုပ်သံ)

ကွတ်ခိုင်၊ တာမုံးညဲမြို့၊ ခလရ-၁၂၃ တပ်ရင်းအထိုင်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ် ဘက်မှ ၅၀ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမုံးညဲမြို့ရှိ စစ်တပ်၏ ခလရ-၁၂၃ တပ်ရင်း အထိုင်စခန်းကို KIA က သိမ်းပိုက်ရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တာမုံးညဲမြို့၊ တက္ကနိုင်းရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ-၁၂၃ တပ်ရင်းအထိုင် စခန်းကို KIA တပ်မဟာ ၆ တပ်ပေါင်းစု ရင်း ၉ က ဝင်ရောက် တိုက်ခိုက်ခဲ့​ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၅၀ ဦးထက်မနည်း သေဆုံးကာ လက်နက်အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“နိုဝင်ဘာ ၁၃ ရက်နေ့က သိမ်းပိုက်ရရှိခဲ့တာ စခန်းတွင်းမှာတော့ စစ်ခွေး ၃၀ ကျော်သေပြီး စစ်ခွေးတချို့က ထွက်ပြေးရင်း KIA ရဲဘော်တွေ ဝိုင်းထားတဲ့ဖက်ကို သေနတ်ပစ်ပြီးလာတော့ မပစ်နဲ့ လက်နက်ချပါဆိုလည်း မချတော့ ပစ်လိုက်တာက ၁၀ ကျော်သေတယ်လို့ သိရတယ်။ KIA တပ်မဟာ ၆ တပ်ပေါင်းစု ၊ရင်း ၉ က ၁၃ ရက်နေ့ ညနေပိုင်းမှာပဲ သိမ်းပိုက်ရရှိခဲ့တာ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*