မိမိမြို့/ရွာဝန်းကျင်တွင်စစ်ဖြစ်တော့မည် ဆိုပါက လုပ်ဆောင်သင့်သည့်အချက်များ

မိမိမြို့/ရွာဝန်းကျင်တွင်စစ်ဖြစ်တော့မည် ဆိုပါက လုပ်ဆောင်သင့်သည့်အချက်များ

၁)မိမိပတ်ဝန်းကျင်တွင် စစ်ဖြစ်ပွားခဲ့‌ပါက မည်သည့်နေရာတွင် ပုန်းရှောင်ရမည်ကို အရင်ဆုံး ကြိုတင်လေ့လာထားပါ။

၂)သတိပေးဆိုင်းဘုတ်များကို ကြိုတင်‌လေ့လာ ထားပါ။

၃)ပတ်ဝန်းကျင်နှင့် အမြဲ အဆက်သွယ် မပြတ်ပါ‌စေနှင့်၊ မြို့/ရွာအခြေအနေကို အမြဲနားစွင့်ပါ။

၄)အခြေခံ ရှေးဦးသူနာပြုစုနည်းများကို ‌ကြိုတင် ရှာဖွေထားပါ(ဥပမာ-သွေးထွက်လွန်ခြင်း၊ Heart Attack-နှလုံးလျော့ဖြစ်ခြင်း)

၅)မှတ်ပုံတင်၊ဘဏ်ကတ်၊အရေးကြီးစာရွက်စာတမ်း၊ အဝတ်အစား၊စားသောက်ကုန် ဆေးဝါး များကို ကြိုတင်ထုတ်ပိုးထားပြီး အမြန်ယူလို့ရသည့်နေ ရာတွင်ထားပါ။

၆)မိမိ မြို့ရွာနဲ့ သက်ဆိုင်သည့် ပကဖ အဖွဲ့အစည်း များ(သို့) ရဲဘော်တဦးဦး၏ ဆက်သွယ်လို့ရသည့် ဖုန်းနံပါတ်များကို ကြိုတင်မှတ်ထားပါ။

၇)စစ်ဖြစ်ပွားပါက မည်သည့်နေရာတွင် ရှောင်ပြေး ကြမည်ကို မိသားစုအချင်းချင်း ကြိုတင်တိုင်ပင် ထားကြပါ။

၈)ရပ်ကွက်(သို့) ရွာများတွင် အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီး လိုအပ်သည်များကို ကြိုတင်လေ့လာထားရန်။

၉)သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ညွှန်ကြားချက် များကို မဖြစ်မနေ(မဖြစ်မနေ) လိုက်နာပါရန်။

Be the first to comment

Leave a Reply

Your email address will not be published.


*