အရက်သောက်ရင်းဆိုင်ထဲတွင် မြေဩဇာဖြစ်

ထားဝယ်မှာ အရက်စုသောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၁၀ဦးသေဆုံး

++++++++++++++++++++++++

နိုဝင်ဘာ၊ ၂၀

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ရှင်ဓာတ်ဝဲဘုရား အနီးမှာ အရက်ဝိုင်းဖွဲ့သောက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို Dawei Guerrilla Revolutionary Force-DGRF တပ်ခွဲ (၂) မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေး ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့၊ နေ့လည် ၂နာရီခွဲ အချိန်လောက်မှာ Dawei Guerrilla Revolutionary Force-DGRF တပ်ခွဲ (၂) မှ ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး ၈ ဦးကျော် ဒဏ်ရာရှိနိုင်တယ်လို့ DGRF ပြန်ကြားရေးတာဝန်ခံက မောင်းကို အတည်ပြု ပြောဆိုပါတယ်။

အင်အား ၃၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရှင်ဓာတ်ဝဲ ဘုရားအနီးမှာ ဝိုင်းဖွဲ့ကာ အရက်ထိုင်သောက် နေကြတာဖြစ်ပြီး DGRF အဖွဲ့တွေက မြေပြင်သတင်းအရ ဝင်ရောက် ရှင်းလင်းပစ်ခတ်ခဲ့ရာမှာ စစ်သား ၆ဦးမှာ နေရာမှာပင် ပွဲချင်ပြီး သေဆုံးသွားကာ ကျန် ၄ဦးမှာ ဆေးရုံကိုရောက်ပြီးနောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

“တပ်စု တစ်စုနဲ့ တစ်စု၊ တစ်ဝိုင်းစီထိုင်ပြီးသောက်နေကြတာ၊ ကျွန်တော်တို့နဲ့ အနီးဆုံးမှာရှိတဲ့ ၂ ဝိုင်းကို ဝင်ပစ်တာ၊ ၆ယောက်သေသွားတာကိုက မျက်မြင်တွေ့လိုက်ရတယ်၊ နောက်ထပ် ၄ယောက်ကတော့ ဆေးရုံရောက်မှ သေသွားတာ ပြည်သူတွေက တဆင့်ပြန်ကြားသိရတယ်” လို့ DGRF ပြန်ကြားရေးတာဝန်ခံက “မောင်း” ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံလိုက်ရပြီးနောက် အင်အား၄၀လောက် မယ်မောင်ရွာကို စစ်ကူ ရောက်ရှိလာခဲ့ပြီး လမ်းသွားလမ်းလာတွေနဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာမျိုးတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အပြန်လှန်ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် DGRF အဖွဲ့တွေကတော့ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*