မိသားစုနဲ့တိုင်းပြည်တွက်တာဝန်ကျေခဲ့ပါတယ် ဒီပဲယင်းကြယ်၄လုံး(ရုပ်သံဆောင်းပါး)

၁၀၂၇ စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ BPLA ရဲဘော် ဒီပဲယင်းသား ၄ ဦး (ရုပ်သံဆောင်းပါး)

နိုဝင်ဘာ ၂၂

အောက်ဆုံးတွင်ဗီဒီယိုဖိုင်ကြည့်ရန်

ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ် BPLA အဖွဲ့ဝင် ဒီပဲယင်းသားတွေဖြစ်တဲ့ ကိုဌေးကျော်၊ ကိုချစ်စမ်းမောင်၊ ကိုအောင်ပိုင်နဲ့ ကိုမင်းကိုနိုင်တို့ ၄ ဦးဟာ ကျဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၀ ကျော်ကို ရရှိခဲ့ပြီး ဗိုလ်ကြီးတဦးအပါအဝင် စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က တိုက်ပွဲမှာ ဒီပဲယင်းသား တပ်ဖွဲ့ဝင် ၄ ဦးစလုံး ကျဆုံးသွားတာလို့ BPLA ကဆိုပါတယ်။

BPLA က သူတို့ကို အာဇာနည်တွေအဖြစ် သတ်မှတ်ပြီး ဒီပဲယင်းဒေသခံတွေက သူတို့ ၄ ဦးအတွက် အမှတ်တရ ဂူဗိမာန်တည်ဆောက်ခဲ့ပါတယ်။

သူတို့ ၄ ဦးနဲ့ သက်ဆိုင်သူတွေက ပြောပြလာတဲ့ သူတို့အကြောင်းကို တင်ဆက်လိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*