ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတွက် ဘပုရဲ့ထောက်ပို့အလှူ(ရုပ်သံ)

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းအတွက် စစ်တပ်က လေကြောင်းဖြင့် ချထားပေးသည့် လက်နက်ခဲယမ်းများ တော်လှန်ရေး တပ်ဖွဲ့များ ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းထံသို့ လေကြောင်းဖြင့် ချထားပေးသည့် လက်နက်ခဲယမ်းများ တော်လှန်ရေး တပ်ဖွဲ့များရရှိကြောင်း Lion Battalion စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့တွင် စစ်တပ်က လေကြောင်းမှတစ်ဆင့် ချထားပေးသည့် လက်နက်ခဲယမ်းများကို ရရှိခြင်းဖြစ်ကြောင်း၊ အရေအတွက် အတိအကျ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

“အတိအကျတော့ မသိရသေးဘူး။ အခုလက်ရှိအချိန်အထိ တိုက်ပွဲတွေဖြစ်နေတော့ ရှေ့ကလူတွေနဲ့ အဆက်အသွယ် မရသေးဘူး” ဟု Lion Battalion စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*