Breaking News လာပီသတင်းကောင်း လာသမျှမြေဩဇာဖြစ်စေ

‼️Breaking News – စကခ (၇) တပ်မမှူး လင်းအောင်မိုးရဲ့ အလောင်းကို စစ်ကောင်စီ ကောက်သွား၊ လင်းအောင်မိုး နေရာ အသစ်ရောက်တဲ့ ဒုစကခမှူး ဗိုလ်မှူးကြီး ကျော်ဇေဝင်း ပါ ဒရုန်းမိပြီး သေဆုံး‼️

နိုဝင်ဘာလ ၁၈ ရက်နေ့က နမ့်ခမ်း တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စကခ (၇) တပ်မမှူး ဗိုလ်မှူးချုပ် လင်းအောင်မိုး (ကြည်း ၂၈၆၅၁) ရဲ့အလောင်းကို အကြမ်းဖက် စစ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက်နေ့၊ ဒီကနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်ခန့်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) သို့ MI-17 ရဟတ်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း တပ်တွင်း သတင်းရင်းမြစ်အရ သိရပါတယ်။

ဒါ့အပြင် ဗိုလ်မှူးချုပ် လင်းအောင်မိုး နေရာကို အသစ်ရောက်တဲ့ ဒုစကခမှူး ဗိုလ်မှူးကြီး ကျော်ဇေဝင်း လည်း နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဒရုန်းမိပြီး ထပ်မံ သေဆုံးခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်အရ ထပ်လောင်း သိရှိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*