လေးစားတယ်ကွာ မနားတမ်းကိုသိမ်းနေလိုက်တော့(ရုပ်သံ)

MNDAA က ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက် လက်ရှိအချိန်ထိ စစ်ကောင်စီတပ်စခန်း ၁၆၄ ခုထိ MNDAA က သိမ်းပိုက်ထား (ရုပ်/သံ)

+++++++++++++++++++++++

နိုဝင်ဘာ ၂၃ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDAA က ကိုးကန့်ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီရဲ့ တပ်စခန်း ၁၆၄ ခုထိ သိမ်းပိုက်ထားပြီဖြစ် တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန် MNDAAက ကိုးကန့်တုန်းရှမ်းဒေသ ရင့်ရှင့်အနောက်တောင်ကုန်း ရာပါးချင့်နေရာရှိ စစ်ကောင်စီတပ်စခန်းကို လက်နက်ကြီး ပစ်ကူ ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီ ၀၆ မိနစ်အချိန်မှာ စခန်းကို အောင်မြင်စွာ သိမ်း ပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မွန်းတည့် ၁၂ နာရီအချိန်မှာ ရင့်ရှင့်စခန်းရဲ့ တစ်ဘက်ခြမ်း ဟုန်အိုင်ထုံးနေရာ ရှိစစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကိုလည်း တိုက်ပွဲနာရီဝက်ကြာဖြစ်ပွားပြီး စခန်းကို အောင်မြင် စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*