စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပုဏ္ဏားကျွန်း မြို့မဈေး မီးလောင်နေ(ရုပ်သံ)

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပုဏ္ဏားကျွန်း မြို့မဈေး မီးလောင်နေ

ရန်ကုန်| နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပုဏ္ဏားကျွန်း မြို့မဈေး မီးလောင်နေကြောင်း သိရှိရသည်။

ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ နေ့လယ်က စစ်ကောင်စီ နေဗီမှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြိုမဈေး မီးလောင်နေသည်ဟု မြိုခံများက ပြောသည်။

ပုဏ္ဏားကျွန်း မြိုခံတစ်ဦးက “လက်နက်ကြီးကျည်ကျလို မြိုမဈေး မီးလောင်နေပါတယ်။ စစ်ကောင်စီ နေဗီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ပါ။ ၂ နာရီ ၄၀ မိနစ်လောက်က ပစ်ခတ်တာပါ။ မီးမလောင်ခင် လက်နက်ကြီးသံ ၅ ချက်လောက် ကြားလိုက်ပါမယ်။ ခဏနေတော့ မီးလောင်နေတာပါပဲ ” ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြိုမဈေးမှာ ဖွင့်ထားခြင်းဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲ မီးလောင်မှုများကြောင့် ထိခိုက်ဒေသဆုံးမှုအခြေအနေများကို မသိရသေးပေ။

လက်ရှိ ဈေးအတွင်းရှိ ဒေသခံပြည်သူများမှာ ဘေးကင်းရာနေရာသို ပြောင်းရွှေ့နေရကြောင်း စုံစမ်းသိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*