စခတွေရဲ့လူမဆန်တဲ့လုပ်ရပ်ကိုMDAA ထုတ်ပြန် (ရုပ်/သံ)

အကြမ်းဖက်စစ်ကောင်စီတပ်က ကိုးကန့်တိုင်းရင်းသားတွေရဲ့ ရိုးရာအမွေအနှစ်နဲ့ ဘာသာရေး အဆောက်အအုံတွေကို ဖျက်စီးခဲ့တယ်လို့ MDAA ထုတ်ပြန် (ရုပ်/သံ)

++++++++++++++++

နိုဝင်ဘာ ၂၄ ရက်

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ၂၀၁၅ နောက်ပိုင်းမှာ စတင်ပြီး ကိုးကန့်နယ်မြေအတွင်း တောင်ကုန်းများပေါ် ရှိ ကိုးကန့်တိုင်းရင်သားများရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များနဲ့ ဘာသာ ရေးကျောင်းများကို ဖျက်ဆီးပြီး စစ်တပ်စခန်းတွေ တည်ဆောက်ခဲ့တယ်လို့ MDAA ထုတ်ပြန် လိုက်ပါတယ်။

စစ်ကောင်စီတပ်ဟာ ရင်းရှင်းတောင်ကုန်းနတ်ပူဇော်ရေး ကျောင်းရဲ့ တံခါးတွေကို ဖျက်စီးခြင်း၊ နတ်ရုပ်ထုတွေကို ဖျက်စီးခြင်း၊ အမွေးတိုင်အိုးများ ရိုက်ခွဲခြင်းနဲ့ စစ်ကတုတ်ကျင်းတူးခြင်းစ တဲ့ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးကို လုံးဝအလေးမထား၊ အရေးမစိုက်တဲ့ လုပ်ရပ် တွေကို ကျူးလွန်ခဲ့တဲ့လို့ ဗီဒီယိုအတွင်း စစ်ကောင်စီတပ် ဖျက်စီးခဲ့တဲ့ သက်သေနဲ့တကွ ပြသခဲ့ ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*