ပြည်သူ့အင်အားပေါင်းလိုက်ရင် ငပုရဲ့စတန်းတတ်အာမီကိုလည်းဖြိုနိုင်တယ်

နွေဦးဘဏ်အစုရှယ်ယာရောင်းချမှု ၁၀ ရက်အတွင်း ကန်ဒေါ်လာ ၁၀ သန်းဖိုး ရောင်းချရ

မဲခေါင်၊ နိုဝင်ဘာလ ၂၇

နွေဦးဘဏ်အစုရှယ်ယာများကို ရောင်းချရာ အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး အထိ ရောင်းချနိုင်ခဲ့တယ်လို့ နွေဦးဘဏ်က ထုတ်ပြန်ကြေညာထားပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ ၁၀ ရက်အတွင်း နွေဦးဘဏ်အစုရှယ်ယာ ဒေါ်လာ ၁၀ သန်း ရောင်းချမှုစတင်ခဲ့ပြီး အနည်းဆုံးရင်းနှီးမြှုပ်နှံမှုအဖြစ် ၁၀ ဒေါ်လာမှ စတင်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီမှာ နွေဦးဘဏ်ရဲ့အစုရှယ်ယာ ရောင်းချမှု၊ အမေရိကန် ဒေါ်လာ ၁၀ သန်း ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ အသိပေးပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးပြောဆိုထားပါတယ်။

အခုလို အောင်မြင်မှုဟာ နွေဦးတော်လှန်ရေးကို ယုံကြည်သက်ဝင်တဲ့ ပြည်သူလူထုရဲ့စိတ်ပိုင်းဖြတ်မှုနဲ့ တခဲနက်ယုံကြည်ထောက်ခံမှုကို နွေဦးဘဏ်ကတဆင့် သမိုင်းဝင် သက်သေပြလိုက်တာပဲလို့ ဆိုပါတယ်။

MK-006

Be the first to comment

Leave a Reply

Your email address will not be published.


*