ကိုလှရွှေတို့အလင်းဝင်ကုန်ပြီ

မအီရဲစခန်းက စခန်းမှ စခန်းမှူး အပါအဝင် ရဲ ၅ ဦး အေအေထံ အလင်းဝင်

(မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ၄ဦးလည်း ထွက်ပြေးနေရ)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦး သည် ရက္ခိုင့်တပ်တော်(AA)ထံ အလင်းဝင်သွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒေသခံတစ်ဦးက “အရင်တစ်ပတ်ကျော်လောက်ကဝင်တာပါ။ လက်ရှိ အဲ့စခန်းမှာတာဝန်ယူထားတဲ့ ရဲအုပ်၊ စခန်းမှူးလို့ပြောရမှာပေါ့။ လက်နက်တွေတော့မပါဘူးလို့ကြားတယ်။ ဒီအတိုင်း အလင်းဝင် လာကြတာပါ”လို့ ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*