ထားဝယ်ခရိုင် ကျောက်မဲတောင်ရဲစခန်းကိုဝင်အုန်း(ရုပ်/သံ)

ထားဝယ်ခရိုင် ကျောက်မဲတောင်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

နိုဝင်ဘာ ၂၉ ရက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် မေတ္တာမြို့ ကျောက်မဲတောင်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဉီးသေဆုံးပြီး ၃ ဉီးဒဏ်ရာရရှိသွားတယ် လို့ ဥသြစစ်ကြောင်းမှာ သတင်းရရှိပါတယ်။

နိုဝင်ဘာ ၂၃ ရက် နံနက် ၅နာရီခွဲဝန်းကျင်ခန့်က ဒေါင်းညီနောင်စစ်ကြောင်းနဲ့ ဥသြစစ်ကြောင်း တို့ ပူးပေါင်းပြီး ထားဝယ်ခရိုင်မေတ္တာမြို့ ကျောက်မဲတောင်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက် ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၇ နာရီကြာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဉီးသေဆုံးပြီး ၃ ဉီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*