ဖုန်းဘက်ထရီကို တာရှည်ခံအောင်အသုံးပြုသင့်တဲ့ နည်းလမ်းကောင်းများ

အခုခေတ်ကြီးမှာ ဖုန်းတစ်လုံးမရှိတဲ့လူတစ်ယောက်ရဲ့ဘဝဟာ မတွေးရဲစရာပါပဲ။ဒါဟာသတင်း၊ အလုပ်၊ စာအုပ်၊ သီချင်း၊ ရုပ်ရှင်၊ ဂိမ်း၊ အင်တာနက် စတာတွေကိုတစ်နေရာတည်းမှာချိတ်ဆက်ပေးထားတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်

ဒါမဲ့ တစ်ခါတစ်လေ ဘက်ထရီကကုန်ကုန်သွားတတ်တဲ့အတွက် တစ်နေ့တာအသုံးပြုဖို့တောင်မလုံမလောက်ဖြစ်နေတတ်ပါတယ်

ဒါကြောင့်လဲ အခုလိုနည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ရတာဖြစ်ပါတယ်

၁။ လူအများစုဟာ ဘက်ထရီသွင်းတဲ့အပေါက်ကိုသန့်ရှင်းရေးမလုပ်ကြပါဘူး

သင့်မိုဘိုင်းဖုန်းကိုအမြဲတမ်းသန့်ရှင်းရေးလုပ်ဖို့သတိရပါ။ ဖုန်းမျက်နှာပြင်ကိုသာသန့်ရှင်းရေးလုပ်သင့်တာမဟုတ်ပါဘူး

အားသွင်းတဲ့အပေါက်ကိုလဲသန့်ရှင်းရေးလုပ်ပေးရပါမယ်။ ထိပ်အချွန်ပါတဲ့ နားကြပ်တံ ဒါမှမဟုတ် သွားကြားထိုးတံနဲ့သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်

၂။တောက်ပတဲ့ Wallpaper ထားခြင်း

အချိန်၊ Messages နဲ့ Missed calls တွေကိုသင့်ဖုန်းမှာသင်တစ်ချိန်လုံးလိုလိုကြည့်နေရတာပါ။ သင့်ဖုန်းရဲ့အဓိကမျက်နှာပြင်မှာ အရမ်းတောက်လွန်းတဲ့ Wallpapers ထားမယ်ဆိုရင် သင့်ဖုန်းဘက်ထရီပိုကုန်ပါလိမ့်မယ်

ဒါကြောင့်မို့လို့ အဖြူအမည်း wallpaper ကိုထားတာကပိုကောင်းပါတယ်။ အဲ့လိုထားမယ်ဆိုရင် သင့်ဘက်ထရီကိုကြာရှည်ခံစေမှာပါ

၃။ဖုန်းကိုအမြဲတမ်းလက်ထဲမှာကိုင်ထားခြင်း

ရာသီတုပူတဲ့အခါ သင့်ဖုန်းကိုအမြဲလက်ထဲမှာကိုင်ဆောင်မထားသင့်ပါဘူး။ အပူချိန်မြင့်တဲ့အတွက် ဖုန်းလဲပူလာပါလိမ့်မယ်

အဲ့အပြင် သင့်လက်ရဲ့အနွေးဓာတ်ကြောင့်လဲ ဖုန်းကိုအပူလွန်ကဲတာမျိုးဖြစ်သွားစေနိုင်ပီး ဘက်ထရီအကုန်မြန်သွားပါလိမ့်မယ်

၄။Auto-Rotate ကိုဖွင့်ထားမိခြင်း

မလိုအပ်ဘူးဆိုရင် Auto-Rotate ကိုပိတ်ထားလိုက်ပါ။ သူ့ကိုလုပ်ဆောင်ပေးတဲ့ အထူးအာရုံခံကိရိယာတစ်ခုဖြစ်တဲ့ accelerometer ကဘက်ထရီအင်မတန်စားပါတယ်။

၅။နောက်ကွယ်မှာ သုံးပီးသား App တွေ Run နေခြင်း

လူတွေဟာ App အတော်များများကိုအသုံးပြုပီးတဲ့အခါမှာ ဒီတိုင်းပဲထွက်လိုက်ကြပါတယ်။ အဲ့အခါမှာ နောက်ကွယ်မှာ App တွေက Run နေဆဲဖြစ်တဲ့အတွက် ဘက်ထရီပိုကုန်တာတွေဖြစ်လာပါလိမ့်မယ်။

အဲ့တော့ Windows တွေအကုန်လုံးကိုပိတ်ဖို့သတိထားပါ

၆။မျက်နှာပြင်အလင်းရောင်ကို အတောက်ဆုံးထားထားခြင်း

အဆောက်အဦးတစ်ခုထဲမှာဆိုရင် ဖုန်းမျက်နှာပြင်အလင်းရောင်ကို ၃၀-၄၀% လောက်ပဲထားထားသင့်ပါတယ်။ ဒီလောက်က သင့်ဖုန်းမှာပါတဲ့အရာအားလုံးကိုမြင်ရဖို့လုံလောက်ပါတယ်

အဲ့အပြင် ဒီလိုလုပ်ခြင်းဟာ သင့်ဖုန်းဘက်ထရီကိုလဲသက်သာစေပါလိမ့်မယ်။ အပြင်မှာရောက်နေတယ်ဆိုရင်လဲ မျက်နှာပြင်အလင်းကိုအတောက်ဆုံးထားတာမဟုတ်ပဲ Auto-Brightness ကိုဖွင့်ထားပေးပါ

၇။ဖုန်းအသံကို Vibrate ထားခြင်း

Vibrate လုပ်ထားတာဟာဘက်ထရီသိပ်စားပါတယ်။ လိုအပ်မှသုံးပါ။ အခြားကိစ္စတွေမှာတော့ Sound mode ဒါမှမဟုတ် silent mode ကိုအသုံးပြုပေးပါ။

၈။မျက်နှာပြင်သူ့လိုလိုပိတ်သွားမယ့်အချိန်ကိုမသတ်မှတ်ထားခြင်း

ဖုန်းမျက်နှာပြင်သူ့လိုလိုပိတ်သွားမယ့်အချိန်ကိုတတ်နိုင်သလောက် အတိုဆုံးထားထားမယ်ဆိုရင် သင့်ဖုန်းဘက်ထရီကိုသက်သာစေမှာပါ

၉။GPS,Bluetooth နဲ့ WiFi တွေဖွင့်ထားမိခြင်း

အဲ့တာတွေကိုဖွင့်ထားမယ်ဆိုရင် ဖုန်းဘက်ထရီအကုန်မြန်ပါလိမ့်မယ်။ အသုံးပြုဖို့မလိုအပ်ဘူးဆိုရင်ပိတ်ထားတာအကောင်းဆုံးပါပဲ

၁၀။ဖုန်းမပိတ်ထားခြင်း

သင့်ဖုန်းကိုတစ်ညတာလုံးပိတ်ထားလိုက်ပါ။ အဲ့လိုဆိုရင် ဘက်ထရီကိုအေးသွားစေပီး ဘက်ထရီလဲတာရှည်ခံပါလိမ့်မယ်

credit – Writer Min Thu (Daily Hot News )

Be the first to comment

Leave a Reply

Your email address will not be published.


*