ဗိုလ်မှူးကြီးစောချစ်သူ ပယ်စောက်ချိန်လို ကံကြမ္မာမျိုး ကြုံနိုင်သလား (ရုပ်/သံ)
ယဉ်မွန်၊ ဖေဖော်ဝါရီ ၇၊ ၂၀၂၄
ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနှိမ်နင်းရေးမှာစစ်ကောင်စီကိုယ်တိုင် တရုတ်လက်ထဲကို အပ်နှံခံလိုက်ရတဲ့ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်ပယ်ဆောက်ချိန် မိသားစု လို မြဝတီမြို့နယ်က BGFခေါင်းဆောင် ဗိုလ်မှုးကြီးစောချစ်သူဟာလည်းအလားတူဖြစ်ရပ် ဖြစ်လာနိုင်မလားလို့ မေးခွန်းထုတ်တာတွေ ရှိလာနေပါတယ်။
စစ်တပ်ကိုယ်တိုင်အာဏာပေးပြီး မွေးထားရတဲ့ ပယ်ဆောက်ချိန်လိုလူမျိုးကို တရုတ်က အလိုရှိလာချိန်မှာ တော့ မိမိအာဏာတည်မြဲရေးကိုဦးစားပေးကာ ကိုယ်တိုင် တရုတ်လက်ထဲကို ထိုးအပ်ခဲ့တာဖြစ်ပါတယ်။
ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်နေလို့ သတင်းတွေထွက်နေတဲ့ ရွှေကုက္ကိုလ် စီမံကိန်းရဲ့ အဓိက ဦးဆောင်သူ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူဟာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သီရိပျံချီဘွဲ့ချီးမြှင့်ခံထားရသူ ဖြစ်ပြီး စစ်ကောင်စီနဲ့ အနှစ် ၃၀ကြာ လက်တွဲလာခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့်လည်းဒီလိုကြာမြင့်တဲ့ လက်တွဲလုပ်ကိုင်လာမှုကြောင့်ပယ်ဆောက်ချိန်လို ဖြစ်မလာနိုင်ဘူး ဆိုတဲ့ အာမခံချက် ရှိမနေပါဘူး။