အိမ်ထောင်ဇာတ်ကားနဲ့ ပရိသတ်အားပေးမှု့ကို အများကြီးရရှိထားတဲ့ ကျော်ထက်အောင် ရဲ့ ဘဝအကြောင်း

ကျော်ထက်အောင် ကို အားပေးနေတဲ့ ပရိသတ်တွေအတွက် ….

ဒီတစ်ပတ်တင်ဆက်ပေးမယ့်သူကတော့ ပရိတ်သတ်တွေရဲ့ ရင်ထဲကနေရာတစ်ခုကို ရရှိထားတဲ့ သရုပ်ဆောင်နဲ့မော်ဒယ်ကျော်ထက်အောင်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကျော်ထက်အောင်ဆိုပြီး ဖြစ်မလာခင်အခမ်းအနားမှူး၊ အစီအစဥ်တင်ဆက်သူနဲ့ မော်ဒယ်လောကထဲမှာ အရင်အခြေချခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ အသံသြသြ၊ ဆွဲဆောင်မှုရှိရှိ စတိတ်စင်မြင့်ပေါ်မှာရပ်ပြီး “မဂ်လာပါပရိတ်သတ်ကြီးရေ”ဆိုတာနဲ့ ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။

ကျော်ထက်အောင်ဆိုပြီး နာမည်တစ်လုံးထွန်းပေါက်လာနိုင်ခဲ့တာကတော့ ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါSeason1မှာပဲဖြစ်ပါတယ်။ Myanmar Idolမှာ ပါဝင်ယှဥ်ပြိုင်တဲ့အဆိုရှင်များအပြင် နောက်ထပ်နားထောင်လို့ကောင်းနေတဲ့ အသံပိုင်ရှင်ကတော့ အခြားသူမဟုတ်ပါဘူး။ Myanmar Idolကို အပြုံးတွေနဲ့ ကြိုဆိုနေတဲ့ အစီအစဥ်တင်ဆက်သူ ကျော်ထက်အောင်ပဲဖြစ်ပါတယ်။ ကျော်ထက်အောင်ကို အခမ်းအနားမှူးတွေ၊ MCတွေဖြစ်လာအောင်တွန်းပို့ပေးခဲ့တဲ့အရာကတော့ သူရဲ့ကြည်လင်ပြတ်သားလွန်းတဲ့ အသံသြဇာကြောင့်ပဲဖြစ်မယ်နော်။ သူရဲ့ legendစကားတစ်ခွန်းဖြစ်တဲ့ “မီးလေးတစ်ချက်လောက်မှိတ်ပေးပါ”ကိုလည်းမေ့လို့မရဘူးနော်။

ကျော်ထက်အောင်ကို မိဘနှစ်ပါးဖြစ်တဲ့ဦးဝင်လွင်နဲ့ဒေါ်မြင့်မြင့်ဦးတို့ကနေ ၁၉၈၅ခုနှစ်၊ စက်တင်ဘာလ ၁၄ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ လက်ရှိမှာတော့ မင်းသားချောကအသက် ၃၆နှစ်ရှိပြီဖြစ်ပါတယ်။ ပညာ‌ရေးအနေနဲ့ကျောင်းကိုတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာကျောင်းပြီးခဲ့ပါတယ်။ ၂၀၀၀ခုနှစ် အ‌ရောက်မှာတော့ကျော်ထက်အောင်က သူ့ရဲ့အနုပညာဝါသနာအထုံကို ရှာတွေ့သွားပြီ ထင်ပါရဲ့။ ဘာလို့လဲဆိုတော့ အသက်၁၅နှစ်ထဲနဲ့ Talent & Model Agency ကိုစတင်တက်ရောက်ခဲ့လို့ပဲဖြစ်ပါတယ်။ အသက်ငယ်ငယ်ထဲက ကိုယ့်ရဲ့ဝါသနာကိုရှာတွေ့ပြီးလမ်းမှန်မှန်ဆက်လျှောက်ဖို့ဆိုတာ မလွယ်ဘူးထင်ရပေမယ့် ကျော်ထက်အောင်ကတော့ လုပ်နိုင်ခဲ့ပါတယ်။

အစီအစဥ်တင်ဆက်သူဆိုပြီးစတင်ဖြစ်လာခဲ့တာကတော့ ၂၀၀၇ခုနှစ်မှာပဲဖြစ်ပါတယ်။ ဒီလောကရဲ့ပထမဆုံးစတင်ခဲ့တဲ့ခြေလှမ်းမှာတင် အစီအစဥ်တင်ဆက်သူလောကရဲ့ ဂုဏ်ယူစရာဒုတိယမျိူးဆက်တစ်ဦးဖြစ်လာခဲ့ပါတယ်။ ၂၀၁၀ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ Family Entertainmentမှာ Presenterအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Freelance Modelနဲ့ အခမ်းအနားမှုးတွေအဖြစ်ဆောင်ရွက်ခဲ့ရာကနေ ၂၀၁၆ခုနှစ်မှာတော့ Myanmar Idol MCအဖြစ်ပါဝင်နိုင်ခဲ့ရာကနေ နိုင်ငံအသိအမှတ်ပြုအစီအစဥ်တင်ဆက်သူဖြစ်လာပါတော့တယ်။ တစ်ဆတစ်ဆအောင်မြင်မှုတွေရခဲ့ပြီးတဲ့နောက် ၂၀၁၆ခုနှစ်နဲ့၂၀၁၇ခုနှစ်မှာတော့ မြန်မာ့အကယ်ဒမီရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ အခမ်းအနားမှူးနဲ့အစီအစဥ်တင်ဆက်သူအဖြစ်ပါဝင်နိုင်ခဲ့ပါတယ်။ အကနဲ့ပက်သက်တဲ့အပိုင်းကိုလည်းစိတ်ဝင်စားခဲ့ပြီး အကအတန်းတွေကိုလည်းပုံမှန်တက်ရောက်ဖြစ်ခဲ့ပါတယ်တဲ့။

ဒီလိုနဲ့ပဲ အနုပညာလောကကိုစတင်ဖို့ဖြစ်လာခဲ့တဲ့ ကျော်ထက်အောင်က Myanmar Breweryကနေ ပံ့ပိုးကူညီတင်ဆက်တဲ့ ဇာတ်လမ်းတိုတစ်ခုမှာ စတင်ပွဲဦးထွက်သရုပ်ဆောင်ခဲ့ပါတယ်။ Dancerတစ်ယောက်အဖြစ်နဲ့ပါဝင်ရမယ့်ကျော်ထက်အောင်ကတော့ the Secret Pieces Dance Crewနဲ့အတူ အကတွေလေ့ကျင့်ခဲ့တယ်လို့ဆိုပါတယ်။ ၂၀၁၆ခုနှစ်မှာတော့အောင်မြင်မှုတွေ အခိုင်အမာရရှိလာတဲ့သူက ဒါရိုက်တာလူမင်းရိုက်ကူးတဲ့ ကြက်ဂူဇာတ်ကားကို သရုပ်ဆောင် မြင့်မြတ်၊ လူမင်း၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူပါဝင်ခွင့်ရတဲ့ဇာတ်ကောင်နေရာကတော့ စောဝေဦးဆိုတဲ့ကျောင်းဆရာတစ်ယောက်ပဲဖြစ်ပါတယ်ရှင်။ ဇာတ်ပို့နေရာကနေ ပိုင်ပိုင်နိုင်နိုင်နဲ့ပါဝင်ခဲ့နိုင်တဲ့သူမို့ ခေါင်းဆောင်မင်းသားနေရာကိုကမ်းလှမ်းခံခဲ့ရပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ အောင်ခေါတ်မင်းရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးတဲ့ “သူငယ်”ရုပ်ရှင်ကို သရုပ်ဆောင် ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ မာရီကိုလ်းတို့နဲ့အတူ တွဲဖက်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါရိုက်တာအရုဏ်ဦး ပွင့်သိင်္ဂီဇော် ရိုက်ကူးခဲ့တဲ့တာဖြစ်တဲ့အပြင် နာမည်ကျော်ထပ်ဆင့်အကယ်ဒမီသရုပ်ဆောင်တွေနဲ့ အတူတွဲဖက်သရုပ်ဆောင်ခွင့်ခဲ့ရတဲ့ အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

သရုပ်ဆောင်စွမ်းရည်တွေက ပရိတ်သတ်လက်ထဲကိုပိုပိုပြီး လက်ဆင့်ကမ်းဖြစ်လာလိုက်တာ ၂၀၁၇ခုနှစ်မှာပဲ ဒါရိုက်တာဇော်မြင့်ဦးရိုက်ကူးတဲ့”နေခြည်မှာရွှေရည်လောင်း”ဇာတ်ကားမှာ အကောင်းဆုံးအမျိူးသားဇာတ်ဆောင်ဆု ဆန်ကာတင်၄ယောက်စာရင်းအထိ ဝင်လာခဲ့ပါတယ်။ တွဲဖက်သရုပ်ဆောင်တွေကတော့ အကယ်ဒမီ အေးမြတ်သူ၊ ကျော်ကျော်၊ နန်းမြတ်ဖြိုးသင်းတို့ပဲဖြစ်ပြီး “ငြိမ်းချမ်း”ဆိုတဲ့ဇာတ်ကောင်နေရာကနေပါဝင်ထားပါတယ်။ ၂၀၁၈ခုနှစ်မှာတော့ ဒါရိုက်တာတင်အောင်စိုး(ပန်းမြို့တော်)ရိုက်ကူးတဲ့ “စစ်ကိုမုန်း၍တိုက်ခဲ့သည်”ဇာတ်ကားကို သရုပ်ဆောင်ထူးအောင်၊ နေမင်း၊ အိချောပို၊ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စိုးပြည့်သဇင်၊ သွန်းဆက်တို့နဲ့အတူ စစ်ဆရာဝန်တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။

၂၀၁၈ခုနှစ်အတွင်းမှာတော့ ဒါရိုက်တာဩရသရိုက်ကူးတဲ့”စရိုက်”ဇာတ်ကားကို သရုပ်ဆောင် လူမင်း၊ ခိုင်သင်းကြည်၊ ထွန်းအိန္ဒြာဗိုလ်တို့နဲ့ပါဝင်ခဲ့ပြီး တင်မောင်ဝင်း ဆိုတဲ့ဇာတ်ဆောင်နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၈ထဲမှာပဲ တဟုန်ထိုးအောင်မြင်လာလိုက်တာ… ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ “ကာဘွန်ဒိုင်အောက်ဆိုဒ်” ဇာတ်ကားကို သရုပ်ဆောင်အလင်းရောင်၊ ဖွေးဖွေး၊ ရတနာဘိုတို့နဲ့အတူရိုက်ကူးခဲ့ပါတယ်။ နောက်ထပ်ဇာတ်ကားတွေဖြစ်တဲ့ ဒါရိုက်တာမင်းဦးရိုက်ကူးတဲ့ The Masks ဇာတ်ကားကိုတော့ သရုပ်ဆောင်မင်းဦး၊ အိချောပို၊ အေးဝတ်ရည်သောင်း၊ စိုးပြည့်သဇင်တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက် ချူစီဇာတ်ကားကိုလည်း လက်ခံရိုက်ကူးခဲ့ပါတယ်။ TVကြော်ငြာတွေဆက်တိုက်ရိုက်ကူးပြီးတဲ့နောက်မှာ Red Bull, Nescafé, Nutrivita တို့ရဲ့ Brand Ambassador အဖြစ်လက်ခံရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ကျော်ထက်အောင် ဟာ အိမ်ထောင်ဇာတ်လမ်းတွဲနဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင်း ပရိသတ်တွေရဲ့ အားပေးမှု့ကို တစ်ခဲနက်ရရှိထားတာပါသေးတယ်။ ကဲအခုလောက်ဆိုရင်တော့ သရုပ်ဆောင်နဲ့မော်ဒယ်ကျော်ထက်အောင်ရဲ့ အနုပညာလမ်းခရီးအကြောင်းကို သိလောက်ပြီလို့ထင်ပါတယ်။

crd

ေက်ာ္ထက္ေအာင္ ကို အားေပးေနတဲ့ ပရိသတ္ေတြအတြက္ ….

ဒီတစ္ပတ္တင္ဆက္ေပးမယ့္သူကေတာ့ ပရိတ္သတ္ေတြရဲ႕ ရင္ထဲကေနရာတစ္ခုကို ရရွိထားတဲ့ သ႐ုပ္ေဆာင္နဲ႔ေမာ္ဒယ္ေက်ာ္ထက္ေအာင္ပဲျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေက်ာ္ထက္ေအာင္ဆိုၿပီး ျဖစ္မလာခင္အခမ္းအနားမႉး၊ အစီအစဥ္တင္ဆက္သူနဲ႔ ေမာ္ဒယ္ေလာကထဲမွာ အရင္အေျခခ်ခဲ့သူ တစ္ဦးလည္းျဖစ္ပါတယ္။ အသံၾသၾသ၊ ဆြဲေဆာင္မႈရွိရွိ စတိတ္စင္ျမင့္ေပၚမွာရပ္ၿပီး “မဂ္လာပါပရိတ္သတ္ႀကီးေရ”ဆိုတာနဲ႔ ပရိတ္သတ္ေတြရဲ႕အားေပးမႈကို ရရွိခဲ့တာပဲျဖစ္ပါတယ္။

ေက်ာ္ထက္ေအာင္ဆိုၿပီး နာမည္တစ္လုံးထြန္းေပါက္လာႏိုင္ခဲ့တာကေတာ့ ၂၀၁၆ခုႏွစ္က က်င္းပခဲ့တဲ့ ျမန္မာအိုင္ေဒါSeason1မွာပဲျဖစ္ပါတယ္။ Myanmar Idolမွာ ပါဝင္ယွဥ္ၿပိဳင္တဲ့အဆိုရွင္မ်ားအျပင္ ေနာက္ထပ္နားေထာင္လို႔ေကာင္းေနတဲ့ အသံပိုင္ရွင္ကေတာ့ အျခားသူမဟုတ္ပါဘူး။ Myanmar Idolကို အၿပဳံးေတြနဲ႔ ႀကိဳဆိုေနတဲ့ အစီအစဥ္တင္ဆက္သူ ေက်ာ္ထက္ေအာင္ပဲျဖစ္ပါတယ္။ ေက်ာ္ထက္ေအာင္ကို အခမ္းအနားမႉးေတြ၊ MCေတြျဖစ္လာေအာင္တြန္းပို႔ေပးခဲ့တဲ့အရာကေတာ့ သူရဲ႕ၾကည္လင္ျပတ္သားလြန္းတဲ့ အသံၾသဇာေၾကာင့္ပဲျဖစ္မယ္ေနာ္။ သူရဲ႕ legendစကားတစ္ခြန္းျဖစ္တဲ့ “မီးေလးတစ္ခ်က္ေလာက္မွိတ္ေပးပါ”ကိုလည္းေမ့လို႔မရဘူးေနာ္။

ေက်ာ္ထက္ေအာင္ကို မိဘႏွစ္ပါးျဖစ္တဲ့ဦးဝင္လြင္နဲ႔ေဒၚျမင့္ျမင့္ဦးတို႔ကေန ၁၉၈၅ခုႏွစ္၊ စက္တင္ဘာလ ၁၄ရက္ေန႔မွာေမြးဖြားခဲ့ပါတယ္။ လက္ရွိမွာေတာ့ မင္းသားေခ်ာကအသက္ ၃၆ႏွစ္ရွိၿပီျဖစ္ပါတယ္။ ပညာ‌ေရးအေနနဲ႔ေက်ာင္းကိုေတာ့ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္မွာေက်ာင္းၿပီးခဲ့ပါတယ္။ ၂၀၀၀ခုႏွစ္ အ‌ေရာက္မွာေတာ့ေက်ာ္ထက္ေအာင္က သူ႔ရဲ႕အႏုပညာဝါသနာအထုံကို ရွာေတြ႕သြားၿပီ ထင္ပါရဲ႕။ ဘာလို႔လဲဆိုေတာ့ အသက္၁၅ႏွစ္ထဲနဲ႔ Talent & Model Agency ကိုစတင္တက္ေရာက္ခဲ့လို႔ပဲျဖစ္ပါတယ္။ အသက္ငယ္ငယ္ထဲက ကိုယ့္ရဲ႕ဝါသနာကိုရွာေတြ႕ၿပီးလမ္းမွန္မွန္ဆက္ေလွ်ာက္ဖို႔ဆိုတာ မလြယ္ဘူးထင္ရေပမယ့္ ေက်ာ္ထက္ေအာင္ကေတာ့ လုပ္ႏိုင္ခဲ့ပါတယ္။

အစီအစဥ္တင္ဆက္သူဆိုၿပီးစတင္ျဖစ္လာခဲ့တာကေတာ့ ၂၀၀၇ခုႏွစ္မွာပဲျဖစ္ပါတယ္။ ဒီေလာကရဲ႕ပထမဆုံးစတင္ခဲ့တဲ့ေျခလွမ္းမွာတင္ အစီအစဥ္တင္ဆက္သူေလာကရဲ႕ ဂုဏ္ယူစရာဒုတိယမ်ိဴးဆက္တစ္ဦးျဖစ္လာခဲ့ပါတယ္။ ၂၀၁၀ခုႏွစ္ကေန ၂၀၁၄ခုႏွစ္အထိ Family Entertainmentမွာ Presenterအျဖစ္လုပ္ကိုင္ခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Freelance Modelနဲ႔ အခမ္းအနားမႈးေတြအျဖစ္ေဆာင္႐ြက္ခဲ့ရာကေန ၂၀၁၆ခုႏွစ္မွာေတာ့ Myanmar Idol MCအျဖစ္ပါဝင္ႏိုင္ခဲ့ရာကေန ႏိုင္ငံအသိအမွတ္ျပဳအစီအစဥ္တင္ဆက္သူျဖစ္လာပါေတာ့တယ္။ တစ္ဆတစ္ဆေအာင္ျမင္မႈေတြရခဲ့ၿပီးတဲ့ေနာက္ ၂၀၁၆ခုႏွစ္နဲ႔၂၀၁၇ခုႏွစ္မွာေတာ့ ျမန္မာ့အကယ္ဒမီ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲအခမ္းအနားမွာ အခမ္းအနားမႉးနဲ႔အစီအစဥ္တင္ဆက္သူအျဖစ္ပါဝင္ႏိုင္ခဲ့ပါတယ္။ အကနဲ႔ပက္သက္တဲ့အပိုင္းကိုလည္းစိတ္ဝင္စားခဲ့ၿပီး အကအတန္းေတြကိုလည္းပုံမွန္တက္ေရာက္ျဖစ္ခဲ့ပါတယ္တဲ့။

ဒီလိုနဲ႔ပဲ အႏုပညာေလာကကိုစတင္ဖို႔ျဖစ္လာခဲ့တဲ့ ေက်ာ္ထက္ေအာင္က Myanmar Breweryကေန ပံ့ပိုးကူညီတင္ဆက္တဲ့ ဇာတ္လမ္းတိုတစ္ခုမွာ စတင္ပြဲဦးထြက္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ Dancerတစ္ေယာက္အျဖစ္နဲ႔ပါဝင္ရမယ့္ေက်ာ္ထက္ေအာင္ကေတာ့ the Secret Pieces Dance Crewနဲ႔အတူ အကေတြေလ့က်င့္ခဲ့တယ္လို႔ဆိုပါတယ္။ ၂၀၁၆ခုႏွစ္မွာေတာ့ေအာင္ျမင္မႈေတြ အခိုင္အမာရရွိလာတဲ့သူက ဒါ႐ိုက္တာလူမင္း႐ိုက္ကူးတဲ့ ၾကက္ဂူဇာတ္ကားကို သ႐ုပ္ေဆာင္ ျမင့္ျမတ္၊ လူမင္း၊ ထြန္းအိျႏၵာဗို၊ အိျႏၵာေက်ာ္ဇင္တို႔နဲ႔အတူပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ သူပါဝင္ခြင့္ရတဲ့ဇာတ္ေကာင္ေနရာကေတာ့ ေစာေဝဦးဆိုတဲ့ေက်ာင္းဆရာတစ္ေယာက္ပဲျဖစ္ပါတယ္ရွင္။ ဇာတ္ပို႔ေနရာကေန ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ပါဝင္ခဲ့ႏိုင္တဲ့သူမို႔ ေခါင္းေဆာင္မင္းသားေနရာကိုကမ္းလွမ္းခံခဲ့ရပါတယ္။ ၂၀၁၇ခုႏွစ္မွာေတာ့ ေအာင္ေခါတ္မင္း႐ုပ္ရွင္ထုတ္လုပ္ေရးကေန ႐ိုက္ကူးတဲ့ “သူငယ္”႐ုပ္ရွင္ကို သ႐ုပ္ေဆာင္ ရန္ေအာင္၊ ရဲေအာင္၊ မင္းဦး၊ စိုးျမတ္သူဇာ၊ ထြန္းအိျႏၵာဗို၊ ခိုင္သင္းၾကည္၊ မာရီကိုလ္းတို႔နဲ႔အတူ တြဲဖက္ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ႐ိုက္တာအ႐ုဏ္ဦး ပြင့္သိဂႌေဇာ္ ႐ိုက္ကူးခဲ့တဲ့တာျဖစ္တဲ့အျပင္ နာမည္ေက်ာ္ထပ္ဆင့္အကယ္ဒမီသ႐ုပ္ေဆာင္ေတြနဲ႔ အတူတြဲဖက္သ႐ုပ္ေဆာင္ခြင့္ခဲ့ရတဲ့ အခြင့္အေရးတစ္ခုလည္းျဖစ္ပါတယ္။

သ႐ုပ္ေဆာင္စြမ္းရည္ေတြက ပရိတ္သတ္လက္ထဲကိုပိုပိုၿပီး လက္ဆင့္ကမ္းျဖစ္လာလိုက္တာ ၂၀၁၇ခုႏွစ္မွာပဲ ဒါ႐ိုက္တာေဇာ္ျမင့္ဦး႐ိုက္ကူးတဲ့”ေနျခည္မွာေ႐ႊရည္ေလာင္း”ဇာတ္ကားမွာ အေကာင္းဆုံးအမ်ိဴးသားဇာတ္ေဆာင္ဆု ဆန္ကာတင္၄ေယာက္စာရင္းအထိ ဝင္လာခဲ့ပါတယ္။ တြဲဖက္သ႐ုပ္ေဆာင္ေတြကေတာ့ အကယ္ဒမီ ေအးျမတ္သူ၊ ေက်ာ္ေက်ာ္၊ နန္းျမတ္ၿဖိဳးသင္းတို႔ပဲျဖစ္ၿပီး “ၿငိမ္းခ်မ္း”ဆိုတဲ့ဇာတ္ေကာင္ေနရာကေနပါဝင္ထားပါတယ္။ ၂၀၁၈ခုႏွစ္မွာေတာ့ ဒါ႐ိုက္တာတင္ေအာင္စိုး(ပန္းၿမိဳ႕ေတာ္)႐ိုက္ကူးတဲ့ “စစ္ကိုမုန္း၍တိုက္ခဲ့သည္”ဇာတ္ကားကို သ႐ုပ္ေဆာင္ထူးေအာင္၊ ေနမင္း၊ အိေခ်ာပို၊ စိုးျမတ္သူဇာ၊ စိုးျမတ္နႏၵာ၊ စိုးျပည့္သဇင္၊ သြန္းဆက္တို႔နဲ႔အတူ စစ္ဆရာဝန္တစ္ဦးအျဖစ္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

၂၀၁၈ခုႏွစ္အတြင္းမွာေတာ့ ဒါ႐ိုက္တာဩရသ႐ိုက္ကူးတဲ့”စ႐ိုက္”ဇာတ္ကားကို သ႐ုပ္ေဆာင္ လူမင္း၊ ခိုင္သင္းၾကည္၊ ထြန္းအိျႏၵာဗိုလ္တို႔နဲ႔ပါဝင္ခဲ့ၿပီး တင္ေမာင္ဝင္း ဆိုတဲ့ဇာတ္ေဆာင္ေနရာကေန သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ၂၀၁၈ထဲမွာပဲ တဟုန္ထိုးေအာင္ျမင္လာလိုက္တာ… ဒါ႐ိုက္တာဝိုင္း႐ိုက္ကူးတဲ့ “ကာဘြန္ဒိုင္ေအာက္ဆိုဒ္” ဇာတ္ကားကို သ႐ုပ္ေဆာင္အလင္းေရာင္၊ ေဖြးေဖြး၊ ရတနာဘိုတို႔နဲ႔အတူ႐ိုက္ကူးခဲ့ပါတယ္။ ေနာက္ထပ္ဇာတ္ကားေတြျဖစ္တဲ့ ဒါ႐ိုက္တာမင္းဦး႐ိုက္ကူးတဲ့ The Masks ဇာတ္ကားကိုေတာ့ သ႐ုပ္ေဆာင္မင္းဦး၊ အိေခ်ာပို၊ ေအးဝတ္ရည္ေသာင္း၊ စိုးျပည့္သဇင္တို႔နဲ႔အတူ ပါဝင္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ခ်ဴစီဇာတ္ကားကိုလည္း လက္ခံ႐ိုက္ကူးခဲ့ပါတယ္။ TVေၾကာ္ျငာေတြဆက္တိုက္႐ိုက္ကူးၿပီးတဲ့ေနာက္မွာ Red Bull, Nescafé, Nutrivita တို႔ရဲ႕ Brand Ambassador အျဖစ္လက္ခံရရွိခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာဆိုရင္လည္း ေက်ာ္ထက္ေအာင္ ဟာ အိမ္ေထာင္ဇာတ္လမ္းတြဲနဲ႔ ပီျပင္တဲ့သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင္း ပရိသတ္ေတြရဲ႕ အားေပးမႈ႕ကို တစ္ခဲနက္ရရွိထားတာပါေသးတယ္။ ကဲအခုေလာက္ဆိုရင္ေတာ့ သ႐ုပ္ေဆာင္နဲ႔ေမာ္ဒယ္ေက်ာ္ထက္ေအာင္ရဲ႕ အႏုပညာလမ္းခရီးအေၾကာင္းကို သိေလာက္ၿပီလို႔ထင္ပါတယ္။

crd

Be the first to comment

Leave a Reply

Your email address will not be published.


*