
ဖုန်းဘက်ထရီကို တာရှည်ခံအောင်အသုံးပြုသင့်တဲ့ နည်းလမ်းကောင်းများ
အခုခေတ်ကြီးမှာ ဖုန်းတစ်လုံးမရှိတဲ့လူတစ်ယောက်ရဲ့ဘဝဟာ မတွေးရဲစရာပါပဲ။ဒါဟာသတင်း၊ အလုပ်၊ စာအုပ်၊ သီချင်း၊ ရုပ်ရှင်၊ ဂိမ်း၊ အင်တာနက် စတာတွေကိုတစ်နေရာတည်းမှာချိတ်ဆက်ပေးထားတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ် ဒါမဲ့ တစ်ခါတစ်လေ ဘက်ထရီကကုန်ကုန်သွားတတ်တဲ့အတွက် တစ်နေ့တာအသုံးပြုဖို့တောင်မလုံမလောက်ဖြစ်နေတတ်ပါတယ် ဒါကြောင့်လဲ အခုလိုနည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ရတာဖြစ်ပါတယ် ၁။ လူအများစုဟာ ဘက်ထရီသွင်းတဲ့အပေါက်ကိုသန့်ရှင်းရေးမလုပ်ကြပါဘူး သင့်မိုဘိုင်းဖုန်းကိုအမြဲတမ်းသန့်ရှင်းရေးလုပ်ဖို့သတိရပါ။ ဖုန်းမျက်နှာပြင်ကိုသာသန့်ရှင်းရေးလုပ်သင့်တာမဟုတ်ပါဘူး အားသွင်းတဲ့အပေါက်ကိုလဲသန့်ရှင်းရေးလုပ်ပေးရပါမယ်။ ထိပ်အချွန်ပါတဲ့ နားကြပ်တံ ဒါမှမဟုတ် […]