
ဗုဒ္ဓဟူးသားသမီးများအတွက် ဘဝတစ်သက်စာဟောစာတမ်း နှင့် ယတြာများ
ဗုဒ္ဓဟူးသားသမီး ဖြစ်သောသင်သည် အသက်….၁၊၉၊၁၇၊၂၅၊၃၃၊၄၁၊၄၉၊၅၇၊၆၅၊၇၃၊၈၁၊၈၉၊၉၇၊၁၀၅ နှစ် အတွင်း၌……ဗုဒ္ဓဟူး သက်ရောက် ဖြစ်၏ သင်သည် ယခုနှစ်အတွင်း သင်တန်းတစ်ခုခုတက်ရခြင်း အဖွဲအစည်းတစ်ခုအတွင်း ဝင်ရောက်ရခြင်းများ ကြုံရတတ်၏။နားချိန်မရလောက်အောင်အလုပ်ရှုပ်နေလိမ့်မည်။လွန်စွာပင်ပန်းလိမ့်မည်။ကျန်းမာရေး ဂရုစိုက်သင့်သောကာလဖြစ်သည်။မည်သည့် အစားအသောက်ပဲ စားစားအရသာမရှိဘဲဖြစ်နေတတ်၏။ ဤကာလတွင်အမွေရခြင်း(သို)အမွေကဲ့သို့သော အမွေများ ပစ္စည်းများရခြင်းကြုံရတက်၏။ ဤကာလအတွင်း လက်ခံလိုက်လျှင် အလဟသ ကုန်သွားတက်၏။ အထက်လူကြီး ကြီးကဲသူတို့က […]