ကစားနေကြတာလားလို့ သေချာကြည့်မှမွှင်းခါးချက်နေကြတာကိုး(ရုပ်သံ)

ကနီမြို့ ၁၁ ရက်အကြာတိုက်ပွဲတွင် ဒရုန်းများစွာလည်း အသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၄၇ ဦးသေဆုံးခဲ့ (ရုပ်/သံ)

ရန်ကုန်၊ မတ် ၁၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့သို့ ဝင်ရောက်တိုက် ခိုက်မှုများအတွင်း အကြမ်းဖက် စစ် ကောင်စီတပ် သား ၄၇ ဦးသေဆုံးကာ စစ်ကောင်စီတပ်သား အလောင်း ၁၁ လောင်းနှင့်လက်နက် ၁၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

မတ်လ ၂ ရက်နေ့မှ စတင်၍ ၁၂ ရက်နေ့အထိ ကနီမြို့ ရဲစ ခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့တွင် အခြေချနေသော ခလရ ၈၇၊ ၈၉၊ ၂၂၂ ၊ ခမရ-၃၁၃ ပူးပေါင်း စစ်သား အင်အား ၁၀၀ ကျော်၊ ပုလဲမြို့နယ်၊ အင်မထီးရွာမှ လေကြောင်းဖြင့် ပို့ဆောင်သည့် စစ်ကူ အင်အား ၁၂၀ ခန့် နှင့် ရေဦးမြို့မှ စစ်ကူလာသော ဘီလူးစစ်ကြောင်း အင်အား ၈၀ ခန့်တို့ကို ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၄၇ ဦးသေဆုံးကာ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၁၁ အလောင်းမျက်မြင်တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့ထံမှ ၈၁ မမ လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ ၁၁ လက်၊ ဗုံးသီးမျိုးစုံ အလုံး ၅၀ ကျော်၊ ကျည်မျိုးစုံ အတောင့် ၁၃၀၀ ကျော်၊ မီးကျည် အတောင့် ၂၀ ခန့်၊ ရှေ့ထွက်မိုင်း ၃ ခု၊ ကျည်အိမ်ကတ် ၂၀ ကျော်နှင့် Jammer ၂ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် လေ ကြောင်းမှ Mi-35 နှင့် Jet Fighter တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၄ ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီးအလုံး ၁၀၀ ကျော်ကျဲ ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂ ၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ် ကြောင်း၊ ဒရုန်းတပ်ဖွဲ့ များနှင့် ကနီမြိုနယ် ပအဖ၊ ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင် ၁၁ ဦး မြင့်မြတ်စွာကျဆုံးကာ ၃၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း သိရသည်။

ကနီမြို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကူအင်အား အများအ ပြားပို့ဆောင်ခြင်း၊ လေကြောင်းတိုက်ခိုက်မှု အများအပြား အသုံးပြုနေခြင်း တို့ ကြောင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မတ်လ ၁၂ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

ကနီၿမိဳ႕ ၁၁ ရက္အၾကာတိုက္ပြဲတြင္ ဒ႐ုန္းမ်ားစြာလည္း အသုံးျပဳတိုက္ခိုက္ခဲ့ၿပီး စစ္တပ္ဘက္မွ ၄၇ ဦးေသဆုံးခဲ့ (႐ုပ္/သံ)
ရန္ကုန္၊ မတ္ ၁၆
စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္၊ ကနီၿမိဳ႕သို႔ ဝင္ေရာက္တိုက္ ခိုက္မႈမ်ားအတြင္း အၾကမ္းဖက္ စစ္ ေကာင္စီတပ္ သား ၄၇ ဦးေသဆုံးကာ စစ္ေကာင္စီတပ္သား အေလာင္း ၁၁ ေလာင္းႏွင့္လက္နက္ ၁၁ လက္ႏွင့္ခဲယမ္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း အမွတ္ ၁ စစ္ေဒသက ထုတ္ျပန္သည္။
မတ္လ ၂ ရက္ေန႔မွ စတင္၍ ၁၂ ရက္ေန႔အထိ ကနီၿမိဳ႕ ရဲစ ခန္း၊ ေထြအုပ္႐ုံး၊ ဘုရားကုန္း၊ ေဆး႐ုံ၊ စာသင္ေက်ာင္းတို႔တြင္ အေျခခ်ေနေသာ ခလရ ၈၇၊ ၈၉၊ ၂၂၂ ၊ ခမရ-၃၁၃ ပူးေပါင္း စစ္သား အင္အား ၁၀၀ ေက်ာ္၊ ပုလဲၿမိဳ႕နယ္၊ အင္မထီး႐ြာမွ ေလေၾကာင္းျဖင့္ ပို႔ေဆာင္သည့္ စစ္ကူ အင္အား ၁၂၀ ခန႔္ ႏွင့္ ေရဦးၿမိဳ႕မွ စစ္ကူလာေသာ ဘီလူးစစ္ေၾကာင္း အင္အား ၈၀ ခန္႔တို႔ကို ယင္းမာပင္ခ႐ိုင္ ျပည္သူ႔ကာကြယ္ေရးတပ္ေပါင္းစုက တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထို႔သို႔ ဝင္ေရာက္တိုက္ခိုက္မႈအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၄၇ ဦးေသဆုံးကာ ၂၀ ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး စစ္ေကာင္စီတပ္သား အေလာင္း ၁၁ အေလာင္းမ်က္ျမင္ေတြ႕ရွိခဲ့ေၾကာင္း၊ ၎တို႔ထံမွ ၈၁ မမ လက္နက္ႀကီးအပါအဝင္ လက္နက္မ်ိဳးစုံ ၁၁ လက္၊ ဗုံးသီးမ်ိဳးစုံ အလုံး ၅၀ ေက်ာ္၊ က်ည္မ်ိဳးစုံ အေတာင့္ ၁၃၀၀ ေက်ာ္၊ မီးက်ည္ အေတာင့္ ၂၀ ခန္႔၊ ေရွ႕ထြက္မိုင္း ၃ ခု၊ က်ည္အိမ္ကတ္ ၂၀ ေက်ာ္ႏွင့္ Jammer ၂ ခု သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။
ယင္းတိုက္ပြဲအတြင္း အၾကမ္းဖက္စစ္ေကာင္စီတပ္ ေလ ေၾကာင္းမွ Mi-35 ႏွင့္ Jet Fighter တို႔ျဖင့္ ေလေၾကာင္းတိုက္ခိုက္မႈေပါင္း ၅၄ ႀကိမ္ တိုက္ခိုက္ခဲ့ၿပီး Y-12 ျဖင့္ ဗုံးသီးအလုံး ၁၀၀ ေက်ာ္က်ဲ ခ် တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ တိုက္ခိုက္မႈကို ယင္းမာပင္ခ႐ိုင္ ကြပ္ကဲေရး၊ ယင္းမာပင္ခ႐ိုင္ တပ္ရင္း ၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂ ၊ LPDF၊ ဆားလင္းႀကီးစစ္ေၾကာင္း၊ Alpha စစ္ ေၾကာင္း၊ ဒ႐ုန္းတပ္ဖြဲ႕ မ်ားႏွင့္ ကနီၿမိဳနယ္ ပအဖ၊ ပကဖ တို႔ ပူးေပါင္းကာ တိုက္ခိုက္ခဲ့ၾကျခင္း ျဖစ္ၿပီး ျပည္သူ႔ကာကြယ္ ေရး တပ္ဖြဲ႕ဝင္ ၁၁ ဦး ျမင့္ျမတ္စြာက်ဆုံးကာ ၃၅ ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ရေၾကာင္း သိရသည္။
ကနီၿမိဳ႕ကို ေအာင္ျမင္စြာ တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ေသာ္လည္း အၾကမ္းဖက္ စစ္ေကာင္စီတပ္က စစ္ကူအင္အား အမ်ားအ ျပားပို႔ေဆာင္ျခင္း၊ ေလေၾကာင္းတိုက္ခိုက္မႈ အမ်ားအျပား အသုံးျပဳေနျခင္း တို႔ ေၾကာင့္ ျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕က မတ္လ ၁၂ ရက္ေန႔တြင္ ျပန္လည္ဆုတ္ခြာခဲ့ရ ေၾကာင္း သိရသည္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *