တာဝန်ကျေသော ရန်ကုန်👏👏👏

ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လေလံတင်ရန် အဓိကပါဝင်နေသည့် ဗဟန်းစည်ပင်ရုံးနှင့် စစ်တပ် တပ်စွဲထားသော ထွေ/အုပ်ရုံးဟောင်းကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံးမတ်လ ၁၉ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ၊ ခြံအမှတ် ၅၄ ရှိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ တက္ကသိုလ်ရိပ်သာလမ်း​နေအိမ်ကို လေလံတင်ရန် အဓိက ပါဝင်လုပ်ကိုင်ပေးနေသည့် ဗဟန်းမြို့နယ် စည်ပင်ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဟောင်းကို ယနေ့နံနက်ပိုင်း မိုင်းခွဲတိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ မတ်လ ၁၉ ရက်နေ့ နံနက် ၄ နာရီဝန်းကျင်အချိန် ဗဟန်းမြို့နယ်စည်ပင်ရုံးနှင့် ဗဟန်းမြို့နယ်ထွေအုပ်ရုံးဟောင်းကို ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က အဝေးထိန်းမိုင်းဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ အေး ဘုရားလမ်း နှင့် ကုက္ကိုင်းရိပ်သာလမ်းထောင့်ရှိ ဗဟန်းထွေ/အုပ်ရုံးဟောင်းတွင် တပ်စွဲထားသည့် စစ်တပ်နှင် ဗဟန်းစည်ပင်ရုံးကို မိုင်းခွဲ တိုက်ခိုက်မှုတွင် ဘန်ကာတွင်းကင်းစောင့်​နေ​သော ရဲ ၂ ဦး ပွဲချင်းပြီး ​သေဆုံးကာ စစ်သားနှင့်ရဲအများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။ မိုင်းပေါက်ကွဲချိန်သည် စစ်တပ်နှင့်ရဲများ လုံခြုံ​ရေးလှည့်ပြီးပြန်ဝင်လာချိန်နှင့် အချိန်ကိုက်ဖြစ်သွား၍ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့​ကြောင်း၊ ယနေ့ နံနက် ၄ နာရီခွဲအချိန် စစ်ကား၊ လူနာတင်ကားများ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ မိုင်းဆွဲတိုက်ခိုက်မှုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ခြံအမှတ် ၅၄ ခြံလေလံကိစ္စမြေပုံ၊ မြေရာဇဝင်များ ထုတ်ယူပေးရာတွင် အဓိ က ဇာတ်ကောင် အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးခဲ့သည့် ဗဟန်းမြို့နယ်စည်ပင်ကို ပြင်းထန်​သောအ​ရေးယူမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်သူလူထုနှင့်ဆန့်ကျင်​သောလုပ်ရပ်များ ကျူးလွန်​နေ​သူ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ရန်ကုန်ပကဖ က ယခုထက် ပိုမို ပြင်းထန်​သော အ​ရေးယူတိုက်ခိုက်မှုများကို စနစ်တကျ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက် ရှိ လူထုအတွက် ​သောကများ​စေသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီဒေါက်တိုင် ဝန်ထမ်းများ၊ ​ထွေ/အုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ဒေါက်တိုင်များကိုလည်း အရေးယူသွားမည်ဖြစ် ကြောင်း ရန်ကုန် ပကဖက သတိပေးထားသည်။ ဓာတ်ပုံ- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း ရှိ ခြံအမှတ် ၅၄ နေအိမ်။ Photo- AFP။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *