အမျိုးမျိုး ကိုဒုက္ခပေးနေတော့တာပဲ

ခရီးသွားလာခွင့် ပိတ်ပင်ရန် စစ်ကောင်စီ စတင်ပြင်ဆင်

မတ်လ ၁၉

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ဖော်ဖို့လုပ်ဆောင်နေရာမှာ လူစာရင်းတွေကောက်ယူနေသလို စစ်မှုထမ်းအကျုံးဝင်သူတွေ ထွက်ပြေးတိမ်းရှောင်လို့မရအောင် ခရီးသွားလာခွင့်ကန့်သတ်တာတွေ ပြုလုပ်လာနေတယ်လို့ အများပြည်သူခရီးသွားသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ချုပ်ကိုင်လာတယ်လို့သိရပါတယ်။

ခရီးသွားကားဂိတ်တွေကို ခရီးသွားမယ့်သူတွေကိုင်ဆောင်ရမယ့် စာတွေမှာ အလုပ်ခေါ်ရင် အလုပ်ခေါ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ခရီးသွား နေထိုင်မယ့် ထောက်ခံချက် ၊ ဖုံးနံပတ် ၊ သွားရောက်မယ့်လိပ်စာနဲ့ ထောက်ခံစာတွေ လိုအပ်တယ်လို့ ကားဂိတ်တွေက ပြောပါတယ်။

`အခု ထောက်ခံစာတွေပါမှ လက်မှတ်ရောင်းပေးဖို့၊ ထောက်ခံစာတွေမပါဘဲ လူတင်သွားရင် ကားမောင်းသမားရော ဂိတ်ရော အရေးယူခံရမယ်လို့ ပြောလာတာရှိတော့၊ ခရီးသွားတွေ အဲဒီစာတွေ မပြည့်စုံရင် လက်မှတ်မရောင်းပေးရဲတော့ဘူး၊ ကားသမားလဲ ထောက်ခံစာတွေ မပါဘဲတင်လို့ဖမ်းခံရရင် ဂိတ်တွေပါ ပါမှာဆိုပြီး မတင်ဖို့ မှာထားရတယ်`ဟု မဲခေါင်က ဆက်သွယ်မေးမြန်းခဲ့တဲ့ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး တွေမှာရှိတဲ့ ကားဂိတ်တွေက ပြောကြပါတယ်။

တောင်ကြီးက ကားဂိတ်တစ်ခုကတော့ ခရီးသည်ကို မရှိသလောက်ဖြစ်နေပြီး ရပြန်တော့လည်း လမ်းမှာ ဆွဲချခေါ်ခံရတာတွေ ရှိနေတာဖြစ်လို့ ခရီးသည်ကို မတင်ရဲလောက်အောင်ဖြစ်နေတယ်လို့ ပြောပါတယ်။ လူထက် ပစ္စည်းတွေနဲ့ပဲ ရသလောက်ပြေးဆွဲနေရတယ်လို့ ဆိုပါတယ်။အထူးသဖြင့် တောင်ကြီး – မိုင်းရှူးဘက်နဲ့ နမ့်စန်ကျော်သွားတဲ့မြို့တွေကို သွားတဲ့ ကားလိုင်းတွေမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ရှမ်းနဲ့ ပအိုဝ်းလူငယ်တွေ ကို ရှမ်းအဖွဲ့တွေက ဆွဲခေါ်သွားမှာစိုးရိမ်လို့ မတင်ရဲဘူးလို့ ပြောပါတယ်။

`ပြေးစရာလဲ မြေမရှိ၊ ပေးစရာလဲ ငွေမရှိ ၊ လုပ်စားဖို့လဲအလုပ်မရှိ၊ အားကိုးစရာလည်း သားတွေ မရှိတော့ ဒီကြားထဲ အဖမ်းခံရရင် သေဖို့ပဲရှိတော့တယ်`လို့ သားသည်မိခင် တစ်ဦးက မဲခေါင်ကို ပြောပါတယ်။စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ကြေညာတာကစပြီး လူငယ်တွေ အနာဂတ်ပျောက်ရသလို မိဘတွေမှာလည်း သောကမီးတွေနဲ့ လောင်မြိုက်ခံနေရတာဖြစ်ပြီး သားသမီးမလာရင် မိဘကို အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကလည်း မိဘတွေကိုပါ ထွက်ပြေးဖို့တွန်းလွှတ်နေသလိုပဲလို့ ပြောဆိုဝေဖန်နေကြပါသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *