အုပ်ကြီးတို့ တေတာတောင်မိုက်မလွှတ်ဘူး😄😄😄

စလင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် နှိုးဆော်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၁၉

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် နှိုးဆော်နေသည့် အုပ်ချုပ်ရေးမှူး ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် မှာ သရက်တောတိုက်နယ်၊ ပခက်တိုင်ကျေးရွာ (ကပစ ၂၁ ) အနီးတွင် ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်ထူးသည် ကျေးရွာနေ ပြည်သူများကို အသံချဲ့စက်ဖြင့် စစ်မှူထမ်းရန် နှိုးဆော်နေစဥ် စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပခက်တိုင်ရွာ အုပ်ချုပ်ရေးမှူး မြင့်ထူး ထံမှ လက်လုပ် ပစ္စတို သေနတ် ၁ လက်နှင့် ဆက်သွယ်ရေး စက် ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ကောင်စီရဲ့ စစ်မှူထမ်းဥပဒေနဲ့ ပြည်သူအပေါ် မတရားသဖြင့် နိုင့်ထက်စီးနင်း လုပ်နေသူ လက်ပါးစေမှန်သမျှကို အတတ်နိုင်ဆုံးထိထိရောက်ရောက် အရေးယူသွားမှာ ဖြစ်တယ်လို့ ပြေချင်ပါတယ်” စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *