ဘောက်ချာဆုတ်ဖို့စာရင်းထွက်ဘီ အုပ်ကြီးနဲ့ဘောမတစ်သိုက်ကျောချမ်းနေလောဘီ

စစ်မှုထမ်းရန်ဆင့်ခေါ်ကူညီသူများ​၏ မိသားစုဝင်များကိုပါ အရေးယူမည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌပြော

▪️စမ်းချောင်းမြို့နယ်တွင် စစ်သားစု​ဆောင်း​ရေး ဆောင်ရွက်နေသူများ​၏ အမည်နှင့် ရုပ်ပုံများ ထုတ်ပြန်

သတိုး၊သုည/People’s Spring

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၌ စစ်ကောင်စီ၏စစ်မှူထမ်းဥပဒေအတွက် ပြည်သူများကို အတင်းအကျပ် ဖိအားပေးလုပ်ဆောင်သူများကို ယင်းလုပ်ရပ်အတွက် ၎င်းတို့သာမက မိသားစုဝင်များကိုပါ အရေးယူဆောင်ရွက်မှုပြုလုပ်မည်ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဥက္ကဌ ကိုပီတာကြီးက သတိပေးပြောသည်။”ပြည်သူတွေကို အတင်းအကျပ် စစ်မှူထမ်းခိုင်းပြီးလူသားဒိုင်းအဖြစ်အသုံးပြုမယ့် စစ်ကောင်စီရဲ့ အကြံဉာဏ်တွေ ကောက်ကျစ်စဉ်းလဲမှုတွေကို လုံးဝလက်မခံပါဘူး။

ရရာနည်းလမ်းနဲ့တန်ပြန်လုပ်‌ ဆောင်မှာဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ရဲ့ထောက်တိုင်လုပ်နေတဲ့ အုပ်ကြီးတွေအနေနဲ့လည်း ပြည်သူတွေကို ဒုက္ခပေးမယ် အတင်းအကျပ်လုပ်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့လည်း သူတို့မိသားစု‌တွေ ဆွေမျိုးတွေကို ဘာမှငဲ့ညှာစရာမရှိပါဘူး။ ဒါကိုတော့ရှင်းရှင်းလင်းလင်းအသိပေးစေချင်ပါတယ်။” ဟု ၎င်းက ပြောသည်။

စမ်းချောင်းမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှုး ၊ ဆယ်အိမ်မှူး နှင့် အပေါင်းအပါများ၏ မိသားစုဝင်စာရင်းများ ၊ သတင်းအချက်အလက်များကို စုစည်းထားပြီး စစ်မှုထမ်းဥပဒေကို ဆက်လက်ဖိအားပေးလုပ်ဆောင်ပါက ယင်းစာရင်းများကို ရန်ကုန်မြို့ပြစစ်ဆင်ရေး အဖွဲ့များထံပေးပို့မည်ဟု ၎င်းက ဆိုသည်။

“စမ်းချောင်းပင်မသပိတ်စစ်ကြောင်းအနေနဲ့ စမ်းချောင်းမှာရှိတဲ့ ပြည်သူတွေ အားလုံးနဲ့ တသားတည်းရပ်တည်နေပါတယ်။ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်ရဲ့ မတရားဥပဒေနဲ့ အတင်းစစ်မှုထမ်းခိုင်းတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။”ဟု ကိုပီတာကြီးက ပြောသည်။

ယနေ့ မတ်လ ၁၉ ရက်တွင် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ စစ်ကောင်စီထောက်တိုင်အဖြစ်လုပ်ဆောင်နေသူများအား ဓာတ်ပုံများနှင့်အတူ အသိပေးထုတ်ပြန်ထားသည်။

“လက်ရှိအချိန်အထိတော့ စမ်းချောင်းမှာ ဆင့်ခေါ်စာတွေ မရောက်သေးဘူး။ ဒါပေမယ့် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တစ်ရပ်ကွက် သုံးယောက်ပေးရမယ်လို့ ဖိအားပေးတာတွေရှိတယ်”ဟု စမ်းချောင်းမြို့နယ် အခြေအနေကို ကိုပီတာကြီးက ပြောသည်။ထို့အပြင် စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအတွက် ကူညီလုပ်ဆောင်ပေးသူများကို အရေးယူဆောင်ရွက်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ ငါးဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *