ငပု⚽မလက်တိုမောင်ပုဆို့အောက်😄😄😄😄

ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းနေသော သေနတ်ကိုင် အုပ်ချုပ်ရေးမှူး လက်တိုမောင်ပု ထွေ/အုပ်ရုံးမှ အပြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မတ် ၂၀

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီအတွက် စစ်သားစုဆောင်းနေသော သေနတ်ကိုင် အုပ်ချုပ်ရေးမှူး လက်တိုမောင်ပု ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း WTRF မှ ရဲဘော်တစ်ဦးက ပြောဆိုသည်။ မတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန် မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းရွာမှ စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမူး လက်တိုမောင်ပုသည် လက်လုပ်သေနတ်ကိုင်ဆောင်ပြီး ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျလျက်ရှိကြောင်း၊ ၎င်း၏ သားမက်ဖြစ်သူမှာ သဲဖြူကုန်းတွင် တပ်စွဲထားသော စစ်တပ်မှ ဗိုလ်ကြီးတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

စစ်မှုထမ်းဥပဒေအရ စစ်ကောင်စီအတွက် စစ်သားစုဆောင်းရန် အတွက် သီးကုန်းကျေးရွာတွင် အစည်းအဝေး လုပ်ပြီး ၎င်းနှင့် ဆက်ဆံရေး အဆင်မပြေသော ကျေးရွာမှ လူငယ် ၃ ဦး နာမည်စာရင်းကို ဝမ်းတွင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးသို့ တင်ပြခဲ့ကြောင်း၊ ယင်းသို့ တင်ပြပြီး ပြန်အလာ အပြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ ဝမ်းတွင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော WTRFက စစ်သားစုဆောင်းနေသော အုပ်ချုပ်ရေးမှူး လက်တိုမောင်ပု၏ ရင်ဘတ်တည့်တည့်သို့ သေနတ်ဖြင့် ၅ ချက် တိတိ ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်သားစုဆောင်းမှုကို လိုက်ပါကူညီ ဖြည့်ဆည်းပေးနေသော အုပ်ချုပ်ရေးမူးများအားလုံးအနေဖြင့် လက်တိုမောင်ပု ဖြစ်စဉ်ကို ဥပမာယူလျက် လုပ်ရပ်များ ချက်ချင်း ရပ်တန့်ရန် WTRF က တရားဝင် သတိပေးထားသည်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *