ဒုကာချုပ်ကိုယ်တိုင်ဦးစီးနေရဘီ မွှင်းခါးစားရတော့မယ်

ဆောင်းပြောင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်အသေများလို့ ဒုချုပ်ကိုယ်တိုင် ဦးစီးနေတယ်လို့ ဆို

မတ်လ ၂၁

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းနဲ့ဖယ်ခုံကြားက ဆောင်းပြောင်း တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေသလို စစ်ကောင်စီဘက်အကျအဆုံးများတဲ့အတွက် စစ်ကောင်စီ ဒုကာချုပ်ကိုယ်တိုင် တပ်မ-၅၅ မှာထိုင်ပြီး ကိုယ်တိုင်ဦးစီးနေတယ်လို့ စစ်ရေးအရင်းအမြစ်တွေထံက သိရပါတယ်။

မတ်လ ၂၀ ရက် မှာ KNDF နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကြောင်း ၃ကြောင်းနဲ့ ဆောင်းပြောင်း-တောင်မဲသင်းလမ်းခွဲ အရှေ့ဘက်၊ တောင်ဘက်ကနေ ဆောင်းပြောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လာရောက်ထိုးစစ်ဆင်ရာမှာ မနက် ၁၀ နာရီလောက်က တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ ဒေသအရင်းအမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီဖက်က နေ့လည် ၁၂ နာရီခွဲလောက်မှာ ရဟတ်ယာဉ်ပစ်ကူလာပြီးတဲ့နောက် လက်နက်ကြီး ပစ်ခတ်နေတာရှိပြီး တိုက်ပွဲငြိမ်သွားတယ်လို့ သိရပါတယ်။

“ဟိုဖက်တော့ အထိအခိုက်မသိရပေမယ့် ကျတာတွေရှိတယ်လို့ကြားတယ်၊ ဒီဖက်တော့ ကား ၂ စီးနဲ့ သေဆုံးဒဏ်ရာရတာတွေ အပြည့်သယ်ပြီး အမြန်မောင်းသွားတာတွေ့တယ်” ဟု အောင်ပန်းကို ဆောင်းပြောင်းက စစ်ရှောင်လာသူ ၁ ဦးက မဲခေါင်ကိုပြောပါတယ်။

ဆောင်းပြောင်းရွာသားတွေဟာ ထီဗီဘက်ကို စစ်ဘေးရှောင်ပေမယ့် ညနေ ၄ နာရီလောက်မှာ ထီဗီရွာတောင်ဘက်ကို လက်နက်ကြီး ၃ လုံးကျလာလို့ ညောင်ရွှေကနေ အောင်ပန်းဘက်ကို ထပ်ရှောင်ရတယ်လို့ ပြောပါတယ်။

“ဒီမှာလဲ ဒုကာချူပ်ကိုယ်တိုင် ခုတင် ၇၀၀ စစ်ဆေးရုံကို လာတာသိရတယ်၊ ဒဏ်ရာရတာ ရာနဲ့ချီတယ်လို့လဲကြားတယ်၊ ဒီမှာတောင် ရဲတကက ကနေ ငြိမ်းထားတဲ့ မြင့်တင်တောင် ရာထူးတိုး ကြယ်ကြီးတပ်ပြီး သေနတ်နဲ့ လူကြီးလမ်းကြောင်းယူပေးနေတာတွေ့ရတယ်၊ တပ်မ ၅၅ ထဲမှာ ဒုကာချုပ်ရောက်နေတယ်လို့လဲ ကြားတယ်၊ ခုတင် ၇၀၀ ကိုတော့ စစ်ကားတွေ အဝင်အထွက်များနေတယ်၊ လုံခြုံရေးလဲ အရင်ထက် ပိုချထားတာတွေ့ရတယ်” လို့ အောင်ပန်းဒေသခံတစ်ဦး က မဲခေါင်ကို ပြောပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက် ဟိုပုံးမြို့နယ်၊ စံဖူး(လုံးဟီး)က စခဲ့တဲ့ ပအိုဝ်းဒေသတိုက်ပွဲတွေဟာ ယနေ့ ၂ လပြည့်တဲ့ မတ်လ ၂၁ ရက်မှာတော့ ဆီဆိုင်ကို စစ်ကောင်စီပြန်မရသေးတဲ့အပြင် ဟိုပုံး၊ မိုင်းပန်၊ လွိုင်လင်၊ မောက်မယ်နဲ့ပင်လောင်းဘက်တွေကို စစ်ဘောင်ကျယ်ပြန့်လာနေတာ မှာ အခု ရှမ်းကယားနယ်စပ် ဖယ်ခုံဘက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာဖြစ်ပါတယ်။

PNLO တပ်ဖွဲ့တွေနဲ့အတူ PNDF(KK) အပါအဝင် အတည်မပြုနိုင်သေးပေမယ့် မြေပြင်သတင်းတွေအရ ရှမ်းမြောက်မှာတိုက်ပွဲဝင်ခဲ့တဲ့ BPLA တပ်ဖွဲ့တွေလဲ ရှမ်းတောင် စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရှိရပါတယ်။

ကရင်နီပြည်နယ် ၁၁၁၁ စစ်ဆင်ရေးရဲ့ ဆက်စပ်တိုက်ပွဲတွေအရ ပင်လောင်းနဲ့ဖယ်ခုံမြို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။

ယင်း မိုးဗြဲ-ဖယ်ခုံ ဒေသအတွင်း တိုက်ပွဲတွေမှာ အလယ်ပိုင်းတိုင်းစစ်ဒေသ၊ ရှမ်းတောင်ဗျူဟာ(၁) တပ်ရင်းတွေဖြစ်တဲ့ ၁၀၀၁ MB-1၊ ၁၀၀၂ PK-1၊ ၁၀၀၆ PK-2၊ ၁၀၀၇ MB-2 ၊ ၁၀၀၄ PKS-PDF နဲ့ ရှမ်းတောင်ဗျူဟာ(၂) တပ်ရင်းတွေဖြစ်တဲ့ ၁၀၀၃၊ ၁၀၀၅။ ၁၀၀၈ ၊ ၁၀၀၉ IPDF၊ ၁၀၁၁ တပ်ရင်းတွေ အပြင် KNDF ဗျူဟာ(၁) တပ်ရင်းတွေဖြစ်တဲ့ KNDF BO-3 ၊ KNDF B)-11 ၊ KNDF BO-22 ၊ နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး URF ၊ ခုခံတော်လှန်ရေးအင်အားစု တွေပါဝင်နေတယ်လို့ သိရပါတယ်။

ယမန်နှစ် ဧပြီလကသြဂုတ်လအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယခုမတ်လ ၁၇ ရက်မှာတကျော့ပြန်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကို နေပြည်တော်ကို အနီးဆုံးရောက်နိုင်တဲ့ တံခါးပေါက်ဖြစ်တဲ့ လွိုင်ကော်နဲ့ ပအိုဝ်းဒေသ မကျရေး ဒုကာချုပ်ကိုယ်တိုင်လာရောက်ဦးစီးနိုင်တာဖြစ်နိုင်တယ်လို့ စစ်ရေးသုံး သပ်နေသူတွေက သုံးသပ်နေကြပါတယ်။

ေဆာင္းေျပာင္းမွာ တိုက္ပြဲျပင္းထန္ေနၿပီး စစ္တပ္အေသမ်ားလို႔ ဒုခ်ဳပ္ကိုယ္တိုင္ ဦးစီးေနတယ္လို႔ ဆို

မတ္လ ၂၁

ရွမ္းျပည္ေတာင္ပိုင္း၊ ပင္ေလာင္းနဲ႔ဖယ္ခုံၾကားက ေဆာင္းေျပာင္း တိုက္ပြဲေတြ ျပင္းထန္စြာျဖစ္ပြားေနသလို စစ္ေကာင္စီဘက္အက်အဆုံးမ်ားတဲ့အတြက္ စစ္ေကာင္စီ ဒုကာခ်ဳပ္ကိုယ္တိုင္ တပ္မ-၅၅ မွာထိုင္ၿပီး ကိုယ္တိုင္ဦးစီးေနတယ္လို႔ စစ္ေရးအရင္းအျမစ္ေတြထံက သိရပါတယ္။

မတ္လ ၂၀ ရက္ မွာ KNDF နဲ႔ PDF ပူးေပါင္းတပ္ေတြက စစ္ေၾကာင္း ၃ေၾကာင္းနဲ႔ ေဆာင္းေျပာင္း-ေတာင္မဲသင္းလမ္းခြဲ အေရွ႕ဘက္၊ ေတာင္ဘက္ကေန ေဆာင္းေျပာင္းမွာ တပ္စြဲထားတဲ့ စစ္ေကာင္စီတပ္ကို လာေရာက္ထိုးစစ္ဆင္ရာမွာ မနက္ ၁၀ နာရီေလာက္က တိုက္ပြဲေတြျပင္းထန္စြာျဖစ္ပြားခဲ့တယ္လို႔ ေဒသအရင္းအျမစ္ေတြထံက သိရပါတယ္။

စစ္ေကာင္စီဖက္က ေန႔လည္ ၁၂ နာရီခြဲေလာက္မွာ ရဟတ္ယာဥ္ပစ္ကူလာၿပီးတဲ့ေနာက္ လက္နက္ႀကီး ပစ္ခတ္ေနတာရွိၿပီး တိုက္ပြဲၿငိမ္သြားတယ္လို႔ သိရပါတယ္။

“ဟိုဖက္ေတာ့ အထိအခိုက္မသိရေပမယ့္ က်တာေတြရွိတယ္လို႔ၾကားတယ္၊ ဒီဖက္ေတာ့ ကား ၂ စီးနဲ႔ ေသဆုံးဒဏ္ရာရတာေတြ အျပည့္သယ္ၿပီး အျမန္ေမာင္းသြားတာေတြ႕တယ္” ဟု ေအာင္ပန္းကို ေဆာင္းေျပာင္းက စစ္ေရွာင္လာသူ ၁ ဦးက မဲေခါင္ကိုေျပာပါတယ္။

ေဆာင္းေျပာင္း႐ြာသားေတြဟာ ထီဗီဘက္ကို စစ္ေဘးေရွာင္ေပမယ့္ ညေန ၄ နာရီေလာက္မွာ ထီဗီ႐ြာေတာင္ဘက္ကို လက္နက္ႀကီး ၃ လုံးက်လာလို႔ ေညာင္ေ႐ႊကေန ေအာင္ပန္းဘက္ကို ထပ္ေရွာင္ရတယ္လို႔ ေျပာပါတယ္။

“ဒီမွာလဲ ဒုကာခ်ဴပ္ကိုယ္တိုင္ ခုတင္ ၇၀၀ စစ္ေဆး႐ုံကို လာတာသိရတယ္၊ ဒဏ္ရာရတာ ရာနဲ႔ခ်ီတယ္လို႔လဲၾကားတယ္၊ ဒီမွာေတာင္ ရဲတကက ကေန ၿငိမ္းထားတဲ့ ျမင့္တင္ေတာင္ ရာထူးတိုး ၾကယ္ႀကီးတပ္ၿပီး ေသနတ္နဲ႔ လူႀကီးလမ္းေၾကာင္းယူေပးေနတာေတြ႕ရတယ္၊ တပ္မ ၅၅ ထဲမွာ ဒုကာခ်ဳပ္ေရာက္ေနတယ္လို႔လဲ ၾကားတယ္၊ ခုတင္ ၇၀၀ ကိုေတာ့ စစ္ကားေတြ အဝင္အထြက္မ်ားေနတယ္၊ လုံၿခဳံေရးလဲ အရင္ထက္ ပိုခ်ထားတာေတြ႕ရတယ္” လို႔ ေအာင္ပန္းေဒသခံတစ္ဦး က မဲေခါင္ကို ေျပာပါတယ္။

ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂၁ ရက္ ဟိုပုံးၿမိဳ႕နယ္၊ စံဖူး(လုံးဟီး)က စခဲ့တဲ့ ပအိုဝ္းေဒသတိုက္ပြဲေတြဟာ ယေန႔ ၂ လျပည့္တဲ့ မတ္လ ၂၁ ရက္မွာေတာ့ ဆီဆိုင္ကို စစ္ေကာင္စီျပန္မရေသးတဲ့အျပင္ ဟိုပုံး၊ မိုင္းပန္၊ လြိဳင္လင္၊ ေမာက္မယ္နဲ႔ပင္ေလာင္းဘက္ေတြကို စစ္ေဘာင္က်ယ္ျပန႔္လာေနတာ မွာ အခု ရွမ္းကယားနယ္စပ္ ဖယ္ခုံဘက္မွာ တိုက္ပြဲေတြ ျပင္းထန္လာေနတာျဖစ္ပါတယ္။

PNLO တပ္ဖြဲ႕ေတြနဲ႔အတူ PNDF(KK) အပါအဝင္ အတည္မျပဳႏိုင္ေသးေပမယ့္ ေျမျပင္သတင္းေတြအရ ရွမ္းေျမာက္မွာတိုက္ပြဲဝင္ခဲ့တဲ့ BPLA တပ္ဖြဲ႕ေတြလဲ ရွမ္းေတာင္ စစ္ေျမျပင္မွာ ပါဝင္တိုက္ခိုက္ေနတယ္လို႔ သိရွိရပါတယ္။

ကရင္နီျပည္နယ္ ၁၁၁၁ စစ္ဆင္ေရးရဲ႕ ဆက္စပ္တိုက္ပြဲေတြအရ ပင္ေလာင္းနဲ႔ဖယ္ခုံၿမိဳ႕ၾကား တိုက္ပြဲေတြ ျပင္းထန္ေနတယ္လို႔ KNDF ကထုတ္ျပန္ထားပါတယ္။

ယင္း မိုးၿဗဲ-ဖယ္ခုံ ေဒသအတြင္း တိုက္ပြဲေတြမွာ အလယ္ပိုင္းတိုင္းစစ္ေဒသ၊ ရွမ္းေတာင္ဗ်ဴဟာ(၁) တပ္ရင္းေတြျဖစ္တဲ့ ၁၀၀၁ MB-1၊ ၁၀၀၂ PK-1၊ ၁၀၀၆ PK-2၊ ၁၀၀၇ MB-2 ၊ ၁၀၀၄ PKS-PDF နဲ႔ ရွမ္းေတာင္ဗ်ဴဟာ(၂) တပ္ရင္းေတြျဖစ္တဲ့ ၁၀၀၃၊ ၁၀၀၅။ ၁၀၀၈ ၊ ၁၀၀၉ IPDF၊ ၁၀၁၁ တပ္ရင္းေတြ အျပင္ KNDF ဗ်ဴဟာ(၁) တပ္ရင္းေတြျဖစ္တဲ့ KNDF BO-3 ၊ KNDF B)-11 ၊ KNDF BO-22 ၊ နဲ႔ ၿမိဳ႕ျပေတာ္လွန္ေရးတပ္ဦး URF ၊ ခုခံေတာ္လွန္ေရးအင္အားစု ေတြပါဝင္ေနတယ္လို႔ သိရပါတယ္။

ယမန္ႏွစ္ ဧၿပီလကၾသဂုတ္လအထိ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး ယခုမတ္လ ၁၇ ရက္မွာတေက်ာ့ျပန္ျဖစ္ပြားလာတဲ့ တိုက္ပြဲေတြကို ေနျပည္ေတာ္ကို အနီးဆုံးေရာက္ႏိုင္တဲ့ တံခါးေပါက္ျဖစ္တဲ့ လြိဳင္ေကာ္နဲ႔ ပအိုဝ္းေဒသ မက်ေရး ဒုကာခ်ဳပ္ကိုယ္တိုင္လာေရာက္ဦးစီးႏိုင္တာျဖစ္ႏိုင္တယ္လို႔ စစ္ေရးသုံး သပ္ေနသူေတြက သုံးသပ္ေနၾကပါတယ္။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *