ဖားဆောင်းမြေဩဇာ ၁၆အိတ် အထွက်တိုးဘီ

ဘော်လခဲကနေ ဖားဆောင်းကို စစ်ကူလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ ၁၆ ဦး သေဆုံး…

ဗျုဟာမှုးအပါအဝင် ၁၅ ဦး ဒဏ်ရာရပြီး ၁ ဦးအရှင်ဖမ်းမိ++++++++++++++

မတ်လ ၂၃ – ၂၀၂၄

ကရင်နီ(ကယား)ပြည်နယ်၊ ဘော်လခဲမြို့နယ်၊ ထူးချောင်းတပ်စခန်းကနေ ဖားဆောင်းမြို့ကို စစ်ကူပေးဖို့ လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို KA၊ KNDF၊ ကလလတ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကယား (ကရင်နီ) တိုင်းစစ်ဌာန PDF တပ်ရင်းများ အပါအဝင် ပြည်သူ့တော်လှန်ရေးတပ်များက မတ်လ (၂၀) ရက်နေ့မှာ ကြားဖြတ် ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းကို ဖားဆောင်းမြို့နယ်၊ ပါပုရွာအဝင် ပါပုသစ်ဆိပ် အနီး ချေမှုန်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး (၇) နာရီကြာ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူနဲ့ ဒရုန်းများ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကြောင်း ဗျုဟာမှူး အပါအဝင် (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိကာ (၁၆) ဦး သေဆုံးခဲ့ပြီး (၁) ဦး အရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်မျိုးစုံ (၅) လက်နဲ့ ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ပုံစာ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(ပုံဟောင်း)

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *