⚽မ မြမြညိမ်း ⚽ဆက်မ မနိုင်တော့ဘူး 😄😄😄

စစ်မှုထမ်းရန်စာရင်းကူကောက်ပေးနေတဲ့ ထွေအုပ်စာရေးအမျိုးသမီး ပစ်ခတ်ခံရလို့သေ

မတ်လ ၂၄၊၂၀၂၄သောင်ရင်းသတင်းလွှာ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အမှတ်၇ရပ်ကွက်က ထွေအုပ်အငယ်တန်းစာရေး ဒေါ်မြမြညိမ်းဆိုသူအမျိုးသမီးဟာ ရပ်ကွက်ထဲမှာ စစ်တပ်အတွက် စစ်မှု့ထမ်းဖို့စာရင်းလိုက်ကောက်နေသလိုေPDFတွေသတင်းစုံစမ်းပြီး စကစထံသတင်းပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ပြီလို့ ဗိုလ်မိကျောင်းက သောင်ရင်းသတင်းလွှာကိုပြောပါတယ်။

ဒီနေ့မနက်အစောပိုင်းက ရပ်ကွက်နေ ပြည်သူ လူငယ်များအား ပစ်မှတ်ထား စစ်မှုထမ်းဆောင်ဖို့ရာ စာရင်း ကောက်ခံ ဖိအားပေးခြင်း တလရ ရဲဘော် များရဲ့ သတင်းချက်လက်ကို စ.က.စ ထံ ‌သတင်းပေးပို့ စေခိုင်းမှုကြောင့် မြို့ပြ တလရ ရဲဘော်များ ဖမ်းဆီးခံရခြင်းကြောင့် အပြစ်ပေးတဲ့အနေနဲ့ရှင်းလင်းလိုက်တာလို့ပြောပါတယ်။

“သိင်္ခအားမာန် ရွှေဘိုအဖွဲ့ဦးဆောင်ပြီး မဟာမိတ် တပ်ပေါင်းစုတွေနဲ့ပူးပေါင်းဖော်ဆောင်ခဲ့တာဗျ။ အမှတ်(၇) အထွေထွေ စာရေး ဒေါ်မြမြငြိမ်း ဟာ စစ်ကောင်စီ အလိုကျ ရွှေဘိုမြို့ ရပ်ကွက်တွေ မှာ လူငယ်တွေကို စာရင်းကောက် သတင်းပေးပို့တာ လက်ကမ်းစာစောင် ဝေတာ ပါဝင်တယ်။

တလရ အင်အားစုတွေရဲ့ ချက်လက်တွေ စစ်ကောင်စီထံ သတင်းပေးပို့တာ ပြည်သူအများပေါ် ငွေကြေး မတရား ဖိအားပေး တောင်းခံတာ ပြုလုပ်‌နေသည့်အတွက် အခုလိုရှင်းလင်းလိုက်တာဖြစ်တယ်ဗျ”လို့ဗိုလ်မိကျောင်းကပြောပါတယ်။

ရွှေဘိုမြို့နယ်အတွင်းကစ.က.စ အလိုကျ လက်ပါးစေများ အနေနဲ့အရပ်သား မိဘပြည်သူအများအပေါ် ဖိနှိပ် အနိုင်ကျင့် ယုတ်မာ အကြမ်းဖက် နေခြင်းအား ရပ်တန်းက မရပ်ပါက အုပ်ချုပ်ရေးမှူး ၊ရာအိမ်မှူး ၊ ဆယ်အိမ်မှူး များအား မအလ နဲ့ ပါတ်သတ်ဆက်နွှယ်နေသူအားလုံးရဲ့ သတင်း စာရင်းတိကျ ရရှိထားတဲ့အတွက် ဆက်လက် ပြစ်ပေး ရေးယူသွားမယ်လို့အသိပေးထားပါတယ်။ဒီတိုက်ခိုက်မှုကိုတော့ သိခ်အားမာန် ၊ရွှေဘိုအားမာန် ၊ Shwebo Crocodile မဟာမိတ်ဖြစ်တဲ့ ရှင်းရှင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဗိုလ်လင်းရောင်(ဒပယ) ဇာမဏီဒေါင်း(ဒပယ) တန (၂) တပ်ပေါင်းစုတို့ကတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *